တရုတ်သည် မြန်မာနယ်စပ်တစ်လျောက် ၁၂၀၀မိုင်ရှိ  ခြံစည်းရိုးခတ်

 တရုတ်သည် မြန်မာနယ်စပ်တစ်လျောက် ၁၂၀၀မိုင်ရှိ  ခြံစည်းရိုးခတ်

ဒီဇင်ဘာ ၁၇

တရုတ်သည် မြန်မာနှင့် တောင်ပိုင်း မိုင် ၁၃၀၀ ခန့်နယ်စပ်တစ်လျောက်တွင် တရားမဝင်ဖြတ်ကျော်မှုများအား ကာကွယ်ရန် ဆူးဝါယာနံရံတည်ဆောက်နေသည်ဟု မကြာသေးမီက သတင်းပေးပို့ချက်များအရ  သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ဝမ်ဒင်း နှင့် ရိုလီမြို့များမှ လူမှုကွန်ဘက်ပုံရိပ်များအရ နှစ်နိုင်ငံအကြား ၆ ပေမှသည် ၉ပေ ရှိ သံဆူးကြိုး သတ္တုစည်းရိုးများ တည်ဆောက်နေသည်ကို တွေ့ရကြောင်း အမေရိကန်အစိုးရ ထောက်ပံ့သည့် Radio Free Asia (RFA)က တနင်္လာနေ့တွင် ထုတ်ပြန်သည့်သတင်းတစ်ပုဒ်တွင် ပါရှိသည်။
 
တရုတ်မှ မီဒီယာအစီရင်ခံချက်များက နယ်စပ်စည်းရိုးသည် တရားမဝင် ဖြတ်ကျော်မှုနှင့် ကိုဗစ်-၁၉ ပျံ့နှံမှုအား ကာကွယ်ရန် အကူအညီဖြစ်ကြောင်း ဖော်ပြနေချိန်တွင် RFA က ၎င်းသည် တရုတ်အတိုက်အခံများအား နိုင်ငံတွင်းမှ ထွက်ပြေးခြင်းမှ တားဆီးနိုင်ရန်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပြီးခဲ့သောလတွင် မြန်မာသတင်းစာ ဧရာဝတီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ရှိ မြန်မာတပ်မတော်နှင့် အရာရှိများသည် စည်းရိုးနှင့် နယ်နိမိတ်စည်းနီးကပ်မှုကြောင့် ပေကျင်းအပေါ် ကန့်ကွက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရန်ကုန်သို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။
 .
RFA မှ ကိုးကားထားသော တွစ်တာပို့စ်တစ်ခုတွင် Southern Great Wall ဟု အမည်ပေးထားသည့် အကြီးစားဆောင်ရွက်မှုသည် ယခုနှစ်အတွင်း စတင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ လက်ရှိတွင် ၎င်းသည် ပထမအဆင့်ပြီးစီးပြီးနောက် မိုင်ပေါင်း ၄၁၀ ခန့် ထပ်မံ တိုးချဲ့လာပြီဖြစ်သည်။

တရုတ်သည် မြန်မာနှင့် ထိစပ်နေသော မိုင်ပေါင်း ၁၃၀၀ရှိ နယ်စပ်အား ၂၀၂၂ အောက်တိုဘာနောက်ဆုံးထား၍ ကန့်သတ်၍ စီစဉ်ထားသည်။ ဗို့အားမြင့် စည်းရိုးများ၊ စောင့်ကြည့်ကင်မရာများနှင့် အနီအောက်ရောင်ခြည် အာရုံခံကိရိယာများဖြင့် အဓိက ဖြတ်ကျော်မှုနေရာများအား ပိုမို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တွစ်တာအကောင့်တစ်ခုတွင် ဖော်ပြထားကြောင်း RFA က တင်ပြထားသည်။

 ထိုအကောင့်သည် တရုတ်လူမျိုးအများအပြားနေထိုင်ပြီး ဒေသခံစစ်တပ်များမှအုပ်ချုပ်နေကာ ဒေသတွင်းအစိုးရနှင့် သက်ဆိုင်ခြင်းမရှိသည့် ကိုးကန့်မှ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက Newsweek သို့ ပြောကြားခဲ့သည်။

နယ်စပ်တံတိုင်းနှင့် ပတ်သတ်၍ တရုတ်မီဒီယာတင်ပြချက်များက ၎င်း၏ တည်ဆောက်မှုသည် ကိုဗစ်-၁၉ကူးစက်မှုကို တားဆီးနိုင်သည် ဟုဆိုသည်။ ၎င်းသည် မှောင်ခိုလုပ်ငန်းကိုတည်း တားဆီးခဲ့သည်။

မြန်မာအစိုးရနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှ ဒေသခံခေါင်းဆောင်များ၏ ဆန့်ကျင်ကန့်ကွက်မှုများသည် မျက်ကွယ်ပြုခြင်းခံနေရသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။

 RFA မှ ကိုးကားထားသော ကျွမ်းကျင်သူနှစ်ဦးက ထိုနယ်စပ်တံတိုင်းသည် ကူးစက်ရောဂါထိန်းချုပ်သည်ထက် အခြား ရည်ရွယ်ချက်ချက်များ ရှိနေသည်ဟု ဆိုသည်။

“ဒီနယ်စပ်တံတိုင်းဆောက်ဖို့ ဆုံးဖြတ်ချက်က တစ်ရက်အတွင် ချတာမဟုတ်လောက်ဘူး။ သေသေချာချာ စီစဉ်ထားတာပဲ”ဟု Siling အမည်ရှိ မြန်မာ-တရုတ် ဆက်ဆံရေး ပညာရှင်က ပြောသည်။

ထိုတံတိုင်းသည် မြန်မာနှင့် ဗီယက်နမ်အတွင်းသို့ စီးပွားရေးလုပ်ဆောင်ရန် မကြာခဏ ဖြတ်ကျော်ဝင်ရောက်သော တရုတ်နိုင်ငံသားများအား ရပ်တန့်နိုင်မည်ဟု ကျွမ်းကျင်ပညာရှင်က ပြောသည်။

“တရုတ်က ဒီတံတိုင်းဆောက်တာက တရုတ်နိုင်ငံသားတွေ ထွက်ပြေးလွတ်မြောက်တာကို ရပ်တန့်နိုင်လိမ့်မယ်။ တရုတ်က ဒီလို ဆက်မဖြစ်စေချင်ဘူး”ဟု Siling က ပြောသည်။

 မျိုးရိုးအမည် ဝမ်နှင့် ဒုတိယ ကျွမ်းကျင်ပညာရှင်က နယ်စပ်တံတိုင်းသည် တရုတ်အတိုက်အခံများအား အရှေ့တောင်အာရှနိုင်ငံများထံသို့ ထွက်ပြေးခြင်းအား ကာကွယ်နိုင်မည်ဟု ဆိုသည်။

“ရှီကျင့်ဖျင်အာဏာရပြီးကတည်းက နိုင်ငံသားတွေကို ထွက်မသွားအောင် ကာကွယ်တာအပြင် နိုင်ငံခြားရောက် တရုတ်တွေကို ဖမ်းပြီး အိမ်ပြန်ခေါ်လာဖို့ ကြိုးစားခဲ့တယ်”ဟု ဝမ်က ဆိုခဲ့သည်။
Newsweek သည် မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးသို့ ဆက်သွယ်ခဲ့သည်။
 
အမေရိကန်အစိုးရ ထောက်ပံ့ငွေနှင့် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော RFA သည် ၎င်း၏ ဝီဂါအစီအစဉ်မှ တစ်ဆင့် ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများအား တင်ပြလျက်ရှိသည်။

အောက်တိုဘာလတွင် ၎င်း၏ မန်ဒရင်းအစီအစဉ်က တရုတ်သည် တရုတ်ရွှေ့ပြောင်း အလုပ်သမားများမှ  ကူးစက်ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အကြား တစ်ဖက်နိုင်ငံတွင် အလုပ်ရှာဖွေရန် တရားမဝင်ဖြတ်ကျော်မှုအား တားဆီးရန် ဗီယက်နမ်နှင့် ၎င်း၏ တောင်ပိုင်းနယ်စပ်တစ်လျောက် တံတိုင်းတစ်ခုတည်ဆောက်နေကြောင်း တင်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly