ဒုက္ခသည်များ ၀င်ရောက်မှု တင်းကြပ်သည့် ဥပဒေ အမေရိကန်အောက်လွှတ်တော် အတည်ပြု

ဒုက္ခသည်များ ၀င်ရောက်မှု တင်းကြပ်သည့် ဥပဒေ အမေရိကန်အောက်လွှတ်တော် အတည်ပြု

ဆီးရီးယားနှင့် အီရတ်တို့မှ ဒုက္ခသည်များဝင်ရောက်ခြင်းတွင် လုံခြုံရေးဘေးအန္တရာယ် စိုးရိမ်ပူပန်မှုများကြောင့် စည်းမျဉ်းကန့်သတ်မှုများတင်းကြပ်သည့် ဥပဒေကြမ်းအား အမေရိကန်   အောက်လွှတ်တော်က အတည်ပြုလိုက်သည်။

အိမ်ဖြူတော်အား ပြစ်တင်လျက် အောက်လွှတ်တော်တွင် ဒီမိုကရက်နှင့် ရီဘတ်ပရီကန်အမတ်များ ပေါင်းစည်းမိကာ ယင်းဥပဒေအား ၂၈၉-၁၃၇ မဲဖြင့် အတည်ပြုလိုက်နိုင်ခြင်းဖြစ်သည်။

သမ္မတအိုဘားမားက ယင်းဥပဒေအား ဗီတိုအာဏာသုံးသွားမည်ဖြစ်ကြောင်း ပြောထားသည်။

ပါရီတွင် အိုင်အက်စ်များက ၎င်းတို့ လုပ်ဆောင်သည်ဟု ကြွေးကြော်ထားသည့် လူပေါင်း ၁၂၉ ဦးသေဆုံးသည့် အစွန်းရောက်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်ပိုင်း ယခုဥပဒေကြမ်း အတည်ပြုမှု ဖြစ်လာခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုများအတွင်း အစွန်းရောက်ခုနစ်ဦးသေဆုံးခဲ့ရာ ယင်းတို့အနက် တစ်ဦးက ဆီးရီးယားမှ ဒုက္ခသည်ဖြစ်ပြီး ဂရိမှတစ်ဆင့် ဥရောပသို့ ဝင်ရောက် ရောက်ရှိလာသူတစ်ဦးဖြစ်နိုင်သည်ဟု ယူဆရသည်။

ယခု အောက်လွှတ်တော်ဥပဒေကြမ်းကို အထက်လွှတ်တော်အတည်ပြုချက်အတွက် မဲခွဲပြီးနောက် သမ္မတလက်မှတ်ရေးထိုး အတည်ပြုရမည်ဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly