စီးပွားရေးဦးတည်ချက်ကြောင့် အင်ဒိုနီးရှားတွင် မူးယစ်ကုန်ကူးသူများကို သေဒဏ်ပေခြင်းများ ရပ်ဆိုင်းထား

စီးပွားရေးဦးတည်ချက်ကြောင့် အင်ဒိုနီးရှားတွင် မူးယစ်ကုန်ကူးသူများကို သေဒဏ်ပေခြင်းများ ရပ်ဆိုင်းထား

အင်ဒိုနီးရှားနိုင်ငံသည် ခြောက်နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှု အလွန်နှေးကွေးနေခြင်းကြောင့် သင့်တော်သည့် စီးပွားရေးအတွက် ဦးတည်ချက်ထားနေရ၍ မူးယစ်ဆေးဝါးကုန်ကူးသူများကို   သေဒဏ်အပြစ်ပေး စီရင်ခြင်းကို ရပ်ဆိုင်းထားကြောင်း နိုဝင်ဘာ ၁၉ တွင် ပြောသည်။

နိုင်ငံရေး၊ တရားရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ လူဟတ်ပန်ဂျေးတန်က ပြီးခဲ့သည့်လအတွင်းက သေဒဏ်ပြစ်ဒဏ်များကို အစိုးရက ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်ဆိုသည့် သတင်းများထွက်နေခြင်းကို ငြင်းဆန်ခဲ့သည်။

ပန်ဂျေးတန်၏ ရုံးတွင် သြစတြေးလျ အစိုးရကိုယ်စားလှယ်တစ်ဦး လာရောက်တွေ့ဆုံပြီးနောက် သတင်းထောက်တစ်ဦးက ၎င်းအားမေးမြန်းရာတွင် သေဒဏ် ပယ်ဖျက်ခြင်းက အမြဲတမ်းအတွက် မဟုတ်ကြောင်း ၎င်းက ဖြေဆိုသွားခဲ့သည်။

"ကျွန်တော်က သြစတြေးလျကိုယ်စားလှယ်ကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့တွေ နိုင်ငံမှာ စီးပွားရေးအခြေအနေ ဆိုးကြုံနေရတဲ့ ခုလိုအချိန်အခါမျိုးမှာ နောက်ထပ် သေဒဏ်စီရင်မှုတွေကို လုပ်ဆောင်ဦးမှာ မဟုတ်ဘူးဆိုတာကိုပါ။ စီးပွားရေး ခိုင်မာအောင်အတွက်ပဲ ဦးစားပေးရပါမယ်။"ဟု ပန်ဂျေးတန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly