ထိုင်းနိုင်ငံတွင်The International New York Times ပုံနှိပ်သတင်းစာ ရပ်နား

ထိုင်းနိုင်ငံတွင်The International New York Times ပုံနှိပ်သတင်းစာ ရပ်နား

The International New York Times သတင်းစာက ကုန်ကျစရိတ်ကြီးမြင့်ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ၎င်း၏ ပုံနှိပ်သတင်းစာ ရိုက်နှိပ်ထုတ်ဝေခြင်းကို ယခုနှစ်ကုန်တွင် ရပ်နားတော့မည်ဖြစ်ကြောင်း   ပြောသည်။

International Herald Tribune နာမည်ဖြင့် ၂၀၁၃ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် ယင်းသတင်းစာက ယခုဆုံးဖြတ်ချက်ကို သတင်းစာလပေးယူကြသူများထံ စာပေးပို့သွားမည်ဟု ကြေညာသည်။

သတင်းစာ၏ နိုင်ငံတကာဈေးကွက်ရေးရာ ဒုတိယဥက္ကဌ ချားလော့ဂေါဒွန်ကလည်း ယခုသတင်းက မှန်ကြောင်း အီးမေးလ်ကနေ အတည်ပြု ဖြေကြားသည်။

အခြားအရှေ့တောင်အာရှခြောက်နိုင်ငံတွင်မူ ပုံနှိပ်သတင်းစာ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဂေါဒွန်က ပြောသည်။

မီဒီယာများအပေါ် တင်းကြပ်လာသည့် ထိုင်းစစ်အစိုးရကြောင့် နိုင်ငံရေးအခြေအနေအားဖြင့် ယခုကဲ့သို့ ပုံနှိပ်သတင်းစာရပ်နားရန် ဆုံးဖြတ်ခြင်းလားဟု မေးသည့်အခါ ဂေါဒွန်က ရပ်နားမှုဆုံးဖြတ်ချက်ကို သတင်းဖတ်သူများထံ ပေးပို့မည့် စာပါအကြောင်းအရာထက် ပို၍ မှတ်ချက်မပေးလိုကြောင်း ဖြေကြားခဲ့သည်။

Ref ; Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly