ဓာတုလက်နက် ဇီဝလက်နက်များဖြင့် ပြင်သစ်ကို တိုက်ခိုက်လာနိုင်ဟု ဝန်ကြီးချုပ် သတိပေး

ဓာတုလက်နက် ဇီဝလက်နက်များဖြင့် ပြင်သစ်ကို တိုက်ခိုက်လာနိုင်ဟု ဝန်ကြီးချုပ် သတိပေး

ပါရီတိုက်ခိုက်မှုများဖြစ်ပြီးနောက် အရေးပေါ်အခြေအနေအတွက် လွှတ်တော်အမတ်များ ဆွေးနွေးကြရာတွင် ပြင်သစ်ဝန်ကြီးချုပ် မန်နျူရယ်ဗဲလ်က အစွန်းရောက်အကြမ်းဖက်များက ပြင်သစ်ကို ဓာတုလက်နက်သို့မဟုတ် ဇီဝလက်နက်တို့ဖြင့် တိုက်ခိုက်လာနိုင်သည်ဟု သတိပေးသည်။

ထိုအချိန်အတောအတွင်း ဘယ်လ်ဂျီယံတွင် ပါရီတိုက်ခိုက်ရေးသမားအဖြစ် သံသယရှိထားသူများဖြစ်သည့် ဘီလဲလ်ဟာဒီဖီနှင့် ဆာလက်ရှ်အဘ်ဒီစလမ်တို့နှင့် ချိတ်ဆက်ပတ်သက်မှုရှိသည့် ပိုင်ဆိုင်မှုများကို ရဲများက ဝင်စီးနင်းသည်။

ဘရပ်ဆဲလ်အတွင်းအပြင်တွင် ရှာဖွေစီနင်းများလုပ်ဆောင်ခဲ့ပြီး တစ်ဦးဖမ်းဆီးခဲ့ကြောင်း ဘယ်လ်ဂျီယံသတင်းများတွင် ဖော်ပြသည်။ ပြင်သစ်တိုက်ခိုက်မှုတွင် လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့သည်။

နိုင်ငံတော်အရေးပေါ်အခြေအနေကို သုံးလအထိ တိုးမြင့်ရန် မဲဆန္ဒ မပေးကြမီ အောက်လွှတ်တော်တွင် မန်နျူရယ်ဗဲလ်က မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly