f(x) နှင့် ဗြိတိန် ပေါ့ပ်အဆိုတော်အဖွဲ့ Pet Shop Boys အဖွဲ့တို့ MAMA ဆုပေးပွဲတွင် ပူးပေါင်း ဖျော်ဖြေသွားမည်

f(x) နှင့် ဗြိတိန် ပေါ့ပ်အဆိုတော်အဖွဲ့ Pet Shop Boys အဖွဲ့တို့ MAMA ဆုပေးပွဲတွင် ပူးပေါင်း ဖျော်ဖြေသွားမည်

တောင်ကိုရီယား အမျိုးသမီး အဆိုတော်အဖွဲ့ f(x) နှင့် ဗြိတိန်ပေါ့ပ် နှစ်ယောက်အတွဲ အဆို တော်အဖွဲ့ Pew Shop Boys အဖွဲ့တို့သည် ၂၀၁၅ Mnet Asian တေးဂီတဆုပေးပွဲ (MAMA)တွင် ပူးပေါင်းဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။

ဆုပေးပွဲ ဒါရိုက်တာ ကင်ကီဝေါင်က ယခုနှစ်ဆုပေးပွဲတွင် အထူးဖျော်ဖြေ တင်ဆက်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

“ယခုနှစ် ဆုပေးပွဲအတွက် f(x) အဖွဲ့ဟာ အကောင်းဆုံး အဖွဲ့ဖြစ်မယ်လို့ ကျွန်တော်တို့ စဉ်းစား ထားပါတယ်။ ပြည်ပ အနုပညာရှင်တွေထဲက အီလက်ထရောနစ် တေးဂီတအဖွဲ့ Pet Shop Boys အဖွဲ့ကို ရွေးချယ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

Pet Shop Boys အဖွဲ့သည် ၁၉၈၁ ခုနှစ်က တည်ထောင်ခဲ့သည့် အီလက်ထရောနစ် ပေါ့ပ်အဖွဲ့ တွင် အကျော်ကြားဆုံး အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ Pet Shop Boys အဖွဲ့သည် West End Girls၊ What Have I Done to Deserve This နှင့် Go West ကဲ့သို့သော သီချင်းများဖြင့်  အောင်မြင်ကျော်ကြားခဲ့သည်။

ကင်ကီဝေါင်က Pet Shop Boys အဖွဲ့နှင့် ပူးပေါင်းဖျော်ဖြေရန် f(x) အဖွဲကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲ ဆိုသည်ကို ရှင်းပြခဲ့သည်။ “f(x) အဖွဲ့ဟာ ကိုရီးယားမှာ အီလက်ထရောနစ် တေးဂီတအဖွဲ့ အားလုံးထဲတွင် လူကြိုက်များတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်။ အဲဒါကြောင့် ပူးပေါင်းဖျော်ဖြေဖို့ f(x) အဖွဲ့ကို ရွေးချယ်ခဲ့တာပါ” ဟု ၎င်းက ပြောကြားသည်။ ယခုနှစ်၏ MAMA ဆုပေးပွဲကို ဟောင်ကောင်ရှိ  AsiaWorld – Expo စင်တာတွင် ဒီဇင်ဘာ ၂ ရက်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags