ရီးယဲလ်မက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် ပြည်ပကစားသမားအနေနဲ့ ပွဲအများဆုံးကစားပေးထားတဲ့ ဘန်ဇီမာ

ရီးယဲလ်မက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် ပြည်ပကစားသမားအနေနဲ့ ပွဲအများဆုံးကစားပေးထားတဲ့ ဘန်ဇီမာ
Photo: Real Madrid/Twitter

ဘန်ဇီမာဟာ တနင်္ဂနွေနေ့က အက်သလက်တီုကိုမက်ဒရစ်နဲ့ ကစားတဲ့ပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ၅၂၈ ပွဲမြောက် ကစားခဲ့ပါတယ်။ ဒီပွဲနဲ့အတူ ကစားသမားဟာ ရော်ဘတ်တိုကားလို့စ် (၅၂၇ ပွဲ)ကို ကျော်ဖြတ်ပြီး ရီးယဲလ်မက်ဒရစ်အတွက် ပွဲအများဆုံးအရေအတွက် ကစားပေးတဲ့ ပြည်ပကစားသမားဖြစ်လာခဲ့ပါတယ်။ 

ဒီစတီဖာနိုကွင်းမှာ ကစားပွဲအပြီး ကလပ်အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်က မက်ဒရစ်ရဲ့ ဂန္တဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ ဘန်ဇီမာနဲ့ ကားလို့စ်တို့ကို သူတို့ရဲ့ ပွဲအရေအတွက်ပါ အထိမ်းအမှတ်ဂျာစီတွေကို ပေးအပ်ခဲ့ပါတယ်။ 

၂၀၀၉ ခုနှစ်က ကလပ်အသင်းကို ရောက်လာခဲ့တဲ့ ဘန်ဇီမာဟာ အခုဆိုရင် ရီးယဲလ်မက်ဒရစ်မှာ ၁၂ ရာသီမြောက် ကစားနေတာဖြစ်ပါတယ်။ သူ့ရဲ့ အထင်ကြီးလေးစားဖွယ် ဆုဖလားတွေကတော့ ချန်ပီယံလိဂ်ဆုဖလားနဲ့ ကလပ်ကမ္ဘာ့ဖလား ၄ ကြိမ်စီ၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ ကြိမ်နဲ့ စပိန်စူပါဖလား ၃ ကြိမ်တို့ ဆွတ်ခူးထားပါတယ်။ 

ရီးယဲလ်မက်ဒရစ်အတွက် ပွဲ ၅၀၀ ကို ကျော်ဖြတ်ခဲ့တဲ့ အခြားပြည်ပကစားသမားမှာ မာဆယ်လို (၅၁၅ ပွဲ)ဖြစ်ပါတယ်။ ဘရာဇီးလ်ကစားသမားရဲ့ နောက်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို (၄၃၈ ပွဲ)နဲ့ ဒီစတီဖာနို (၃၉၆ ပွဲ)တို့ဖြစ်ပါတယ်။ 

ပြည်ပကစားသမားတစ်ဦးအနေနဲ့ နိုင်ပွဲအများဆုံး ရရှိတဲ့ စာရင်းမှာတော့ ဘန်ဇီမာက ၃၅၈ ပွဲနဲ့ ထိပ်ဆုံးမှာ ရပ်တည်ပြန်ပါတယ်။ ပြင်သစ်ကစားသမားဟာ မာဆယ်လို ၃၅၂ ပွဲ၊ စီရော်နယ်လ်ဒို ၃၁၆ ပွဲနဲ့ ရော်ဘတ်တို ကားလို့စ် ၃၀၁ ပွဲတို့ရဲ့ ရှေ့မှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ 

Ref; ANI 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly