'နာကျင်စေတဲ့ ဝေဖန်မှုတွေ ရှိပေမယ့် ခင်ဗျားကို ပိုပြီးအားကောင်းစေတာပါ'လို့ မက်ဒရစ်ဒါဘီ နိုင်ပွဲရရှိပြီးနောက် ပြောသွားတဲ့ ဇီဒန်း

'နာကျင်စေတဲ့ ဝေဖန်မှုတွေ ရှိပေမယ့် ခင်ဗျားကို ပိုပြီးအားကောင်းစေတာပါ'လို့ မက်ဒရစ်ဒါဘီ နိုင်ပွဲရရှိပြီးနောက် ပြောသွားတဲ့ ဇီဒန်း
Photos: EPA

ရီးယဲလ်မက်ဒရစ်ဟာ စနေနေ့က လာလီဂါအမှတ်ပေးဇယား ဦးဆောင်နေတဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် ဇီဒန်းက "ဝေဖန်မှုတွေရှိပေမယ့် ဒါတွေကပဲ ခင်ဗျားကို ပိုပြီး အားကောင်းစေတယ်။"လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ 

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ ရီးယဲလ်ဟာ အမှတ်ပေးဇယားမှာ အက်သလက်တီကိုရဲ့နောက် သုံးမှတ်အကွာ အဆင့် သုံးနေရာမှာ ရပ်တည်နေပါတယ်။ 

ဆီမြွန်နီရဲ့ အက်သလက်တီကိုကတော့ ယခုဘောလုံးရာသီ ပထမဆုံး လိဂ်ပွဲရှုံးနိမ့်မှုဖြစ်ပြီး ဖေဖော်ဝါရီလကစလို့ လိဂ်ပြိုင်ပွဲမှာ ၂၆ ပွဲ ရှုံးပွဲ မရှိတဲ့ မှတ်တမ်းလည်း ပျက်ပြယ်သွားခဲ့လို့ စိတ်ပျက်စရာ ညတစ်ညဖြစ်ခဲ့ပါတယ်။

သူတို့ဟာ ၁၇ ပွဲနိုင်၊ ၉ ပွဲသရေအထိ ရယူနိုင်ခဲ့ပေမယ့် ရီးယဲလ်ဟာ လိဂ်ပြိုင်ပွဲမှာ အက်သလက်တီကို နောက်ဆုံး အလှဲထိုးခဲ့တဲ့ အသင်းဖြစ်ခဲ့ပါတယ်။

"ကျနော်တို့ဟာ ဆီဗီလာ၊ မိုချန်ဂလက်ဘတ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ကွင်းရဲ့ နေရာအတော်များများမှာ ပြသခဲ့တဲ့ တိုးတက်မှုကို အတည်ပြုရမှာပါ။ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ကိုလည်း ပေးခဲ့ပါတယ်။"လို့ နည်းပြ ဇီဒန်းက ပြီးခဲ့တဲ့ သီတင်းပတ်က အသင်းရဲ့အနိုင်ရလဒ်တွေကို ပြန်လည်သုံးသပ်တာဖြစ်ပြီး ဒီနိုင်ပွဲတွေက ဒီရာသီ အလှည့်အပြောင်းအတွက် ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ 

"နာကျင်စေတဲ့ ဝေဖန်မှုတွေ ရှိပေမယ့် ဒါတွေကပဲ ခင်ဗျားကို ပိုမိုအားကောင်းစေတာပါ။"

"ကျနော်တို့ဟာ ပွဲကစားချိန် အစတစ်မိနစကနေ အဆုံးအထိ အရမ်းကို ကောင်းမွန်စွာ ယှဉ်ပြိုင်ခဲ့တယ်။ ကျနော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တာကို ကျေနပ်အားရရမှာပါ။" 

မက်ဒရစ်ဒါဘီပွဲမှာ ရီးယဲလ်ဟာ ပွဲချိန် ၁၅ မိနစ်မှာ ကက်စမဲရိုးရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ဂိုး ရယူခဲ့ပြီး ဒုတိယပိုင်း ၆၃ မိနစ်မှာ ကာဗာဂျယ်ရဲ့ ဧရိယာထိပ်ကနေ အပြင်းကန်ချက်ကို အော့ဘလက် ပုတ်ထုတ်ရာက ကျောနဲ့ ပြန်တိုက်ကာ Og ဂိုးအဖြစ် ဒုတိယဂိုးရရှိခဲ့တာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly