မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်စွမ်းရှိတယ်။ - ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်စွမ်းရှိတယ်။ - ဆိုးလ်ရှား

အိုလီ ဂန်နား ဆိုးလ်ရှားက သူ့ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်တယ်လို့ အိုးထရက်ဖို့ဒ်မှာ စနေနေ့ရဲ့ ဒါဘီပွဲစဉ်မတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ အင်္ဂါနေ့က လိုက်ပ်ဇစ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး မြို့ခံပြိုင်ဘက် စီးတီးကို လက်ခံကစားရမှာဖြစ်ပါတယ်။ 

ပေါ့ဂ်ဘာနဲ့ ဒီဂီယာတို့ရဲ့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး ဆက်လက်ဖြစ်ပွားနေတဲ့ ပြဿနာတွေ ရှိနေပေမယ့် ယူနိုက်တက်ဟာ လိဂ်ပြိုင်ပွဲမှာ လေးပွဲဆက် အနိုင်ရရှိထားပြီး အမှတ်ပေးဇယားမှာ စီးတီးထက် တစ်မှတ်အသာနဲ့ ရပ်တည်နေပါတယ်။ 

၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ဖလား ဆွတ်ခူးဖို့ ရည်ဆူးထားသလားလို့ မေးရာမှာ ဆိုးလ်ရှားက "ဒီရာသီအတွင်း ဒါမှမဟုတ် နှစ်သစ်အကူးအပြောင်း နောက်ပိုင်း ဒီအသင်းဟာ တိုးတက်လာပြီး ကျနော်တို့ဟာ အမှတ်ပေးဖလားဆုကို စိန်ခေါ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ယုံကြည်မှု ရခဲ့ပါတယ်။ 

"ဟုတ်ပါတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ ရာသီကထက် တိုးတက်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမယ့် အခြားအသင်းတွေက ကျနော်တို့ကို အမှတ်ဖြတ်ပြီး ရှေ့ကနေ ပြေးနေလိမ့်မယ်လို့ ကျနော် မတွေးမိပါဘူး။ 

"ကျနော်ဟာ ပွဲစဉ်တိုင်းကို အနိုင်ယူလိုတဲ့ စိတ်နဲ့ပဲ သွားရောက်ကစားခဲ့ပါတယ်။ ဆိုတော့ ဒါက ခင်ဗျားရဲ့ မေးခွန်းအတွက် အဖြေဖြစ်နိုင်တယ်။ တကယ်လို့ ခင်ဗျားဟာ ပွဲစဉ်တိုင်းကို အနိုင်ကစားနိုင်မယ်ဆိုရင် ဆုဖလားတစ်လုံးနဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်မှာပါ။" 

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly