MAI လေကြောင်းလိုင်း တရုတ် ကူမင်းခရီးစဉ် ပြေးဆွဲတော့မည်

MAI လေကြောင်းလိုင်း တရုတ် ကူမင်းခရီးစဉ် ပြေးဆွဲတော့မည်

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့သို့ တိုက်ရိုက်လေကြောင်းပြေးဆွဲမှုကို ဒီဇင်ဘာနှောင်းပိုင်းတွင် စတင်ဝန်ဆောင်မှုပေးတော့မည်ဖြစ်သည်။

ရန်ကုန်-မန္တလေး-ကူမင်းလေကြောင်းလိုင်းကို ခရစ်စမတ်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး A319 လေယာဉ်များဖြင့် တစ်ပတ်တစ်ကြိမ် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။

ကူမင်းမြို့သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့လည်းဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ ကူးလူးဆက်ဆံရေးတွင် ပြည်နယ်၏ အခရာမြို့ဖြစ်သကဲ့သို့ ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့လည်းဖြစ်သည်။ 

MAI လေကြောင်းလိုင်းကို လွတ်လပ်ရေးမရခင် ၁၉၄၆ ခုနှစ်က Union of Burma Airways အဖြင့် စတင်တည်ထောင်ခဲ့သည်။ စတင်ချိန်က ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲရန်သက်သက်သာဖြစ်ပြီး ၁၉၅၀ ခုနှစ်တွင်မှ နိုင်ငံတကာလေကြောင်းပြေးဆွဲမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

Ref: routes online

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly