ကျနော် မွတ်စလင်ပါ၊ ကျနော် အကြမ်းဖက်သမား မဟုတ်ပါ၊ ကျနော့်ကိုယုံကြည်ရင် ပွေ့ဖက်ပါ

ကျနော် မွတ်စလင်ပါ၊ ကျနော် အကြမ်းဖက်သမား မဟုတ်ပါ၊ ကျနော့်ကိုယုံကြည်ရင် ပွေ့ဖက်ပါ

ပါရီ၊ နိုဝင်ဘာ - ၁၉ ။            ။ လူပေါင်း၁၀၀ကျော်သေဆုံးခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်မှုများအပြီး ရက်အနည်းငယ်အကြာတွင် မွတ်စလင်အမျိုးသားတစ်ဦးက ပါရီပြည်သူ့ရင်ပြင်တွင် မတ်တပ်ရပ် လိုက်သည့်အခါတွင် လူထုက ဘယ်လိုတုန့်ပြန်ပါသလဲ။ လူထုက သူ့ကို နွေးထွေးလှိုက်လှဲစွာ ပွေ့ဖက်ကြသည်။

အင်္ဂါနေ့က YouTube တွင် လွှင့်တင်လာသည့် ဗွီဒီယိုထဲတွင် မျက်နှာကို အဝတ်စည်းထားသည့် မွတ်စလင်အမျိုးသားက ဆိုင်းဘုတ်နှစ်ခုကို ကိုင်ဆောင်၍ Place de la Repugbliqueရင်ပြင်တွင် မတ်တပ်ရပ်နေသည်။

ဆိုင်းဘုတ်တစ်ခုတွင် ‘ကျနော်မွတ်စလင်ပါ။ ဒါပေမယ့် ကျနော် အကြမ်းဖက်သမားမဟုတ်ပါ’ဟု ရေးသားထားပြီ နောက်ဆိုင်းဘုတ်တစ်ခုတွင်မူ ‘ကျနော် ခင်ဗျားတို့ကို ယုံတယ်။ ခင်ဗျားတို့ ကျနော့်ကို ယုံသလား။ ယုံရင် ကျနော့်ကို ပွေ့ဖက်ပါ’’ဟု ရေးသားထားသည်။

ကလေးလူကြီးမရွေး တစ်ယောက်ပြီးတစ်ယောက် မျက်ရည်ဖြိုင်ဖြိုင်ကျလျှက် မျက်နှာအဝတ်စည်းထားသည့် မွတ်စလင်အမျိုးသားထံသို့ အပြေးသွားကာ ပွေ့ဖက်ကြသည်။

‘အကြမ်းဖက်သမားက အကြမ်းဖက်သမားပါပဲ။ ဘာအတွက်မှမဟုတ်ဘဲ အခြားလူတစ်ယောက်ကို သတ်ဖြတ်ချင်နေတဲ့လူပါ။ မွတ်စလင်ဘာသာဝင်စစ်စစ်တစ်ယောက်က အဲဒီလို ဘယ်တော့မှ မလုပ်ပါဘူး။ ကျနော်တို့ရဲ့ဘာသာတရားက အဲဒါကို တားမြစ်ပါတယ်’’ဟု မွတ်စလင်အမျိုးသားဆိုသူက မျက်နှာတွင်စည်းထားသည့် အဝတ်ကို ဖယ်ရှားရင်း အော်ပြောနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly