တရုတ်ကွန်မြူနစ်ပါတီ မျက်နှာစုံညီစည်းဝေးပွဲ ရည်မှန်းချက် မသေချာ မရေရာ - အရာရာသည် ရှီကျင့်ဖျင် အကြောင်းသာဖြစ်

တရုတ်ကွန်မြူနစ်ပါတီ မျက်နှာစုံညီစည်းဝေးပွဲ ရည်မှန်းချက် မသေချာ မရေရာ - အရာရာသည် ရှီကျင့်ဖျင် အကြောင်းသာဖြစ်

ဒီဇင်ဘာ ၇ ၊ ၂၀၂၀

အောက်တိုဘာလကုန်က ပေကျင်းတွင် အပြီးသတ်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ကြိမ်မြောက် ဗဟိုကော်မတီ၏ (၅) ကြိမ်မြောက် မျက်နှာစုံညီစည်းဝေးပွဲ၏ ပန်းတိုင်များသည် ယခုတွင် ထွက်ပေါ်လာပြီဖြစ်သည်။

သူတို့သည် မျက်နှာစုံညီစည်းဝေးပွဲမတိုင်မီ ယူဆထားသည်နှင့် မတူဘဲ စီးပွားရေးမှ ကွဲထွက်နေသည်။
 
အဓိကမှာ သမ္မတ ရှီကျင့်ဖျင်နှင့် အာဏာအပေါ် ချုပ်ကိုင်ထားနိုင်သည့် ကာလအကြောင်းသာဖြစ်သည်။ မျက်နှာစုံညီစည်းဝေးပွဲတွင် ရှီသည် ဖြစ်နိုင်ပါက ၂၀၂၇ ခုနှစ်ထိ သို့မဟုတ် ထိုထက်ကျော်လွန်၍ အာဏာရှိနေမည်ဟု ဖော်ပြထားသည်။ မျက်နှာစုံညီစည်းဝေးပွဲ၏ အခြေခံတာဝန်မှာ ၂၀၂၁-၂၀၂၅ အတွင်း နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးမူဝါဒ ရည်မှန်းချက်အား ချမှတ်ရန် မျှော်လင့်ထားသည့် (၁၄) ကြိမ်မြောက် ငါးနှစ် စီမံကိန်းအား အပြီးသတ်ရန်ဖြစ်သည်။

နောက်ဆုံးအစီအစဉ်အား ၂၀၂၁ အစောပိုင်း အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်သည်။

ရှီကျင်းဖျင်သည် ပထမ၊ စီးပွားရေးသည် ဒုတိယဖြစ်သည်။

 မျက်နှာစုံညီအစည်းအဝေး၏ ဆုံဖြတ်ချက်များ၏ ဆိုလိုရင်းမှာ အောင်ပွဲခံခြင်းသာဖြစ်ပြီး ပြီးခဲ့သော ငါးနှစ်အစီအစဉ် အောင်မြင်မှုအတွက် ရှီအား ချီးမြှောက်ခြင်းဖြစ်သည်။

စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တိုးတက်ရန်အတွက် တိကျသော ရည်မှန်းချက်မရှိပေ။

GDP ရည်မှန်းချက် အနည်းငယ်အား နောက်မှ ထည့်သွင်းနိုင်ချေရှိသည်။ ၎င်းသည် တရုတ်၏ ကျေးလက်နှင့် မြို့ပြအကြား လစာကွာဟချက်အား လျော့ချရန် ကတိပေးခဲ့ပြီး “မြို့ပြသစ်တည်ထောင်ခြင်း” အပေါ် အလေးထားပြောခဲ့သည်။

ရှီ၏အပိုင်းသည် လွန်ခဲ့သော လအနည်းငယ်က ရှီတီထွင်ခဲ့သော “နှစ်ဆလည်ပတ်ခြင်း”ဆိုသည့် စကားလုံးနှင့် ဆုံးဖြတ်ချက်တွင် ပါဝင်လာသည်။ ၎င်းသည် “ပြည်တွင်းလည်ပတ်မှု”( ပြည်တွင်း ထုတ်လုပ်မှုနှင့် သုံးစွဲမှု) နှင့် “နိုင်ငံတကာလည်ပတ်မှု”( ပြည်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု) တို့အား မြှင့်တင်ရန် ရည်ညွှန်းခြင်း ဖြစ်သည်။

ထိုပန်းတိုင်အား မည်သို့ အရောက်လှမ်းမည်ဆိုသည့် အသေးစိတ်အချက်အလက်များ မရှိပေ။

ဆုံးဖြတ်ချက်၏ ကျန်သည့်အပိုင်းတွင် ရှီသည် တရုတ်၏ တိုင်းပြည်ဥသျှောင်အဖြစ် ကြာရှည်စွာ တည်ရှိနေမှုအကြောင်းအား အရိပ်အမြွက် ပေးထားသည်။

မှတ်သားရမည်မှာ အထက်ဖော်ပြပါ နည်းပညာပန်းတိုင်များသည် ၂၀၂၅ ခုနှစ်အတွက်မဟုတ်ဘဲ ၂၀၃၅ ခုနှစ်အတွက် ဖြစ်သည်။

မျက်နှာစုံညီအစီးအဝေးတွင် ပုံမှန် ငါးနှစ်စီမံကိန်း အပြင် ၂၀၃၅ထိ တရုတ်၏ ပန်းတိုင်များကို ချမှတ်သည့် ပိုမို ကြီးမားသည့် ၁၅နှစ်တာ အသေးစိတ်စီမံကိန်းအား ဆွေးနွေးခဲ့ကြသည်။

တရားဝင် ကြေငြာချက်အရ ၂၀၃၅ တွင် တရုတ်သည် ခေတ်မီဆိုရှယ်လစ်နိုင်ငံဖြစ်ရန် ပန်းတိုင်အား အခြေခံအားဖြင့် ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။ ထိုပန်းတိုင်သို့အလား လုံးဝရောက်ရှိရန် ရည်မှန်းထားသည့် အချိန်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ နှစ် ၁၀၀ပြည့်ဖြစ်သည့် ၂၀၄၉ ခုနှစ်ဖြစ်သည်။
 
ဘာဖြစ်လို့ စီမံကိန်း အသစ်က ၂၀၃၅ ကို ဦးတည်နေတာလဲ။ အဘယ်ကြောင့် ဒီနှစ် မျက်နှာစုံညီအစည်းအဝေးက ပုံမှန် ငါးနှစ် စီမံကိန်းကို ဆက်လုပ်မယ့်အစား ရေရှည်ကာလကို လုပ်ဆောင်လိုက်တာလဲ၊ မေးစရာများဖြစ်သည်။
 
စကားတစ်ခွန်းတည်းနှင့် ဖြေရလျင် ရှီကြောင့်ဟု ပြောရမည်ဖြစ်သည်။

ရှီသည် ပုံမှန် ၁၀ နှစ် သက်တမ်းထက်ပို၍ အာဏာဆက်လက်တည်ရှိရန် ရည်ရွယ်ထားကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ရှီသည် ၂၀၂၂တွင် CCP အထွေထွေအတွင်းရေးမှူးရာထူးမှ နှုတ်ထွက်မည်ဖြစ်ပြီး ထိုနောက်နှစ်တွင် သမ္မတအဖြစ် ပြန်လည် အစားထိုးဝင်ရောက်လာမည့်ပုံစံ ဖြစ်သည်။

 သို့ရာတွင် ၂၀၁၇ခုနှစ် ၁၉ကြိမ်မြောက် ဗဟိုကော်မတီတွင် ဆက်ခံမည့်သူ မရှိခံခြင်းသည် ၂၀၂၂ ကုန်အထိ ရှီအား CCP ထိပ်သီးနေရာတွင် ဆက်လက်ရှိနေစေခဲ့သည်။

၂၀၁၈ခုနှစ်တွင် အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်အခြေခံဥပဒေအား သမ္မတအား သက်တမ်း နှစ်ခု ကန့်သတ်မှုအား ဖယ်ရှားရန် တောင်းဆိုခဲ့ချိန်တွင် ရှီသည် အာဏာအား ဆက်လက်ချုပ်ကိုင်ထားရန် သူ၏ ရည်ရွယ်ချက်အား ပိုမိုရှင်းလင်းစွာ ဖော်ပြခဲ့သည်။
 
The Diplomat ၏ နောက်ဆုံးထုတ်စာစောင်တွင် အခုလို မှတ်ချက်ပြုထားသည်။

“အခုတော့ ရှီအနေနဲ့ အာဏာကို ဘယ်လောက်ကြာကြာ ချုပ်ကိုင်မလဲဆိုတာကို ကန့်သတ်နိုင်တဲ့ တစ်ခုတည်းသော အရာက သူမပြောင်းလဲနိုင်တဲ့ သူ့အသက်ပဲ ဖြစ်တယ်။ ရှီက အခုလက်ရှိမှာ အသက် ၆၇ ဖြစ်ပြီးတော့ ၂၀၄၉ အထိမ်းအမှတ်ပွဲဆိုရင် သူ့အသက်က ၉၆ ရောက်နေပြီးတော့ အဲဒီအချိန်ထိ အာဏာရှိနေဖို့ဆိုတာကတော့ အံ့ဖွယ်တစ်ခုခု လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ၂၀၃၅ ထိ ရှိနေသေးတာက ပိုပြီး ဖြစ်နိုင်တယ်။ သူက အသက် ၈၂ပဲ ရှိဦးမှာ။(တိုက်ဆိုင်စွာပင် မော်စီတုန်းသည် ထိုအသက်တွင် ကွယ်လွန်ခဲ့သည်။) တရုတ်ရဲ့ ခေတ်မီပန်းတိုင်တွေကို အရောက်လှမ်းနိုင်ခဲ့တဲ့ သူအဖြစ် ကျန်ရှိဖို့ကို အာရုံထားပြီး ပြောင်းလဲမှုအပြည့်အဝကို ဦးစီးနိုင်ဖို့ ရှီက ပန်းတိုင်ကို ပြောင်းလဲနေပြီးတော့ အချိန်ကာလကို ရှေ့တိုးနေတယ်။"  

ဒါက သူ့ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေကိုပါ ပေါ်လွင်နေစေတယ်။ ပြီးတော့ တရုတ်ရဲ့ တိုးတက်မှုကို ရှောင်လွှဲ ရပ်တန့်မရတဲ့အပြင် အရင်က ဖြစ်နိုင်တယ်လို့ တွေးထားတာထက် ပိုပြီး မြန်မြန်ရောက်နေတယ်လို့ မြင်တဲ့ တရုတ်လက်ရှိ ခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ဖော်ပြနေတယ်။

ရှီသည် သမ္မတသက်တမ်း ကန့်သတ်ချက်အား ၂၀၁၈ ခုနှစ်တွင် ဖယ်ရှားခဲ့သည်။ မျက်နှာစုံညီစည်းဝေးပွဲ၏ တရားဝင်ကြေငြာချက်တွင် ၎င်းအား သွယ်ဝိုက် ရည်ညွှန်းထားသည်။

 ယခုလက်ရှိ တရားဝင် ထုတ်ပြန်ချက်နှင့် ယခင် ငါးနှစ်စီမံကိန်း များကို ယှဉ်ကြည့်နိုင်သည်။

  • ၂၀၀၅ - အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၁၁) ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဆိုပြုချက်။
  • ၂၀၁၀ - အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၁၂)ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဆိုပြုချက်။
  • ၂၀၁၅ - အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဆိုပြုချက်။
  • ၂၀၂၀ - အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းအတွက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဆိုပြုချက်နှင့် ၂၀၃၅ အတွက် ရည်မှန်းချက်။

၎င်းတွင် “၂၀၁၅ အတွက် ရည်မှန်းချက်” ပါဝင်လာသည်။ ၎င်းသည် ထို ငါးနှစ် စီမံကိန်းအား ၂၀၃၅ ထိ အချိန်ကာလတိုးမြှင့်ခြင်းအား ရည်ညွှန်းခြင်း မဟုတ်ပေ။ ၎င်းသည် သမ္မတရှီကျင်းဖျင် လက်ရှိ ခေါင်းဆောင်မှုသည် ၂၀၃၅ ထိ ဆက်လက်ရှိနေခြင်းကို ဖော်ပြနေခြင်းဖြစ်သည်။
 
တရားဝင် ကြေငြာချက်၏ အမျိုးသားလုံခြုံရေးနှင့် စစ်တပ်အား ခေတ်မီရေး ကဏ္ဍတွင် “စစ်တပ်အား ခေတ်မီအောင်လုပ်ရန် ရာစုနှစ်ကြာ ပန်းတိုင်အား ၂၀၂၇ တွင် ရောက်ရှိနိုင်ရန်”ဟူ၍ ရည်ညွှန်းကာ ထိုအချက်အား သိသာထင်ရှားစေခဲ့သည်။

 ၎င်းသည် သမ္မတ ရှီအနေဖြင့် ၁၉၂၇ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရာပြည့်အချိန်ထိ အာဏာဆက်လက်ရှိရန် ရည်ရွယ်ချက်ကို ရှင်းလင်းစွား ဖော်ပြနေသည်။

အနောက်တိုင်း ကျွမ်းကျင်သူများသည် လျင်မြန်စွာပင် စောင့်ကြည့် လေ့လာနိုင်ခဲ့သည်။ “၂၀၂၇ ဆောင်းဦးမှာ ပြုလုပ်မယ့် CCP ရဲ့ ၂၁ကြိမ်မြောက် အမျိုးသားကွန်ဂရက် မတိုင်ခင် လအနည်းငယ်မှာ PLA ရဲ့ ရာပြည့်ပွဲ ကျင်းပပါလိမ့်မယ်။"
 
" ဒါကို ကြည့်ခြင်းအားဖြင့် ရှီအနေနဲ့ ၂၀၂၇ နှစ်ကုန်ပိုင်းအထိ အနည်းဆုံး သက်တမ်းတစ်ခါ ထပ်ထမ်းဆောင်မယ်လို ခန့်မှန်းနိုင်တယ်"

ရှီကျင့်ဖျင်ခေတ်တွင် CCP ၏ မျက်နှာစုံညီစည်းဝေးပွဲများသည် သမ္မတရှီကျင်းဖျင်၏ တရုတ်အရေးများအပေါ် လွှမ်းမိုးမှုအား ထပ်တလဲလဲပြောရန် အခါသမယဖြစ်ပြီး မီဒီယာများက စုပေါင်းအုပ်ချုပ်မှုဟု “အများပြည်သူထင်ယောင်ထင်မှားဖြစ်စေမှု”အား ဖန်တီးလျက်ရှိသည်။

ဥပမာအားဖြင့် စီမံကိန်းအကြမ်း၏ အမည်မှာ “၁၄ကြိမ်မြောက် ၅နှစ်တာ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် CCP ဗဟိုကော်မတီမှ ရေးဆွဲထားသော အဆိုပြုချက်နှင့် ၂၀၃၅ ရေရှည်ပန်းတိုင်များ” ဖြစ်သည်။ ထိုသို့ နောက်ဆုံးဖြစ်ပျက်ခဲ့သည်မှာ ၁၉၉၅ ခုနှစ်က ဖြစ်သည်။

 တရုတ် လေ့လာသူများက “၎င်းကို ကြိုပြီး ကြေငြာခဲ့တာ မရှိဘူး။ မကြာသေးမီက ပါတီအနေနဲ့ ၂၀၃၅ , ၂၀၄၉ နဲ့ ပြည်သူ့သမ္မတနိုင်ငံ ထူထောင်တာရဲ့ နှစ်၁၀၀ပြည့် နှစ်ပတ်လည်တွေအထိ နိုင်ငံအတွက် ပန်းတိုင်တွေ ချမှတ်လိုက်တာကြောင့် အံ့အားသင့်စရာတော့ မဟုတ်ဘူး”ဟု ဆိုခဲ့သည်။

မျက်နှာစုံညီ ဆုံးဖြတ်ချက်များက တရုတ်သည် ၂၀၃၅ တွင် “ခေတ်မီဆိုရှယ်လစ်”ပန်းတိုင်အား ရောက်ရှိမည်ဖြစ်ကြောင်း အတည်ပြုထားသည်။

 သို့ရာတွင် စိန်ခေါ်မှုမရှိ ဆက်လက်တည်ရှိနေသော ကွန်မြူနစ်ပါတီနှင့် သမ္မတ ရှီကျင်းဖျင်အတွက် ဖိအားများ ရှိသေးသည်။

နိုင်ငံတကာ ပြည်သူ့မူဝါဒ အရေးများအား အဓိက လုပ်ဆောင်သည့် အခွန်ကင်းလွတ်ခွင့်ရှိ ပုဂ္ဂလိဂ အဖွဲ့အစည်းဖြစ်သည့် မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရှင်း စင်တာ (CSIS)က “သဘောတရား လုပ်ဆောင်မှုကနေ ပထဝီရေးရာနိုင်ငံရေး မဟာဗျူဟာ အစပျိုးလုပ်ဆောင်မှုတွေထိ ပြောင်းလဲနေတဲ့ ရှီရဲ့ မဟာဗျူဟာတွေ၊ လုပ်ဆောင်မှုတွေ၊ မူဝါဒတွေ ထပ်ခါထပ်ခါ ပါဝင်နေတဲ့ စာရွက်စာတမ်းမှာ ရှီရဲ့ လွှမ်းမိုးမှုတွေပဲ။ တရားဝင်ကြေငြာချက်မှာလည်း ရှီရဲ့ ခေါင်းဆောင်မှုကို အားတက်သရော ချီးကျူးထားပြီးတော့ မော်စီတုန်းသေဆုံးအပြီး CCP ခေါင်းဆောင်မှုမှုပိုင်းမှာ ကျဆင်းနေပေမဲ့ အခုမှာ ရှီရဲ့ အာဏာအဖြစ် မြင့်မားနေပြီး ပြန်လည် ထွက်ပေါ်လာတဲ့ “အဓိက လမ်းပြ ပဲ့ကိုင်ရှင်” ဖြစ်တယ်လို့ ကြေငြာနေတယ်” ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly