မနီလာတွင် လူရာပေါင်းများစွာက အေပက်ဆန့်ကျင်ရေး ဆန္ဒပြ

မနီလာတွင် လူရာပေါင်းများစွာက အေပက်ဆန့်ကျင်ရေး ဆန္ဒပြ

မနီလာ၊ နိုဝင်ဘာ-၁၉ ။             ။ ကမ္ဘာ့ခေါင်းဆောင်များ အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အေပက်ညီလာခံ တက်ရောက်နေရာ ဖိလစ်ပိုင်မြို့တော် မနီလာ၏ လမ်းများပေါ်တွင် ကြီးမားသည့် ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

တိုင်းရင်းသား၊ ကျောင်းသားနှင့် အလုပ်သမားအုပ်စုများမှ လူရာပေါင်းများစွာမှာ ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောကြောင့် ရဲက ရေအမြောက်များနှင့် ပတ်ခတ်ကာ လူစုခွဲခဲ့ရသည်ဟု ဆိုသည်။

ညီလာခံတွင်လည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် ပိုင်နက်အငြင်းပွားမှုများကသာ လွှမ်းမိုးအရိပ်ထိုးနေခဲ့သည်။ ပါရီတိုက်ခိုက်မှုများကြောင့် အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ကမ္ဘာ့ခေါင်းဆောင်များက တိုက်တွန်းတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများမှာ နိုဝင်ဘာ၁၉ရက် နံနက်ခင်းတွင် အေပက်အစည်းအဝေးများ ကျင်းပနေရာ မနီလာဘေးဧရိယာသို့ ရောက်ရှိစုရုံးလာခဲ့ကြသည်။

ကမ္ဘာပြုမှုဆန့်ကျင်ရေး ဆန္ဒပြသူများက အေပက်အုပ်စုမှာ ဆင်းရဲသောနိုင်ငံများကို ခေါင်းပုံဖြတ် အမြတ်ထုတ်နေသည်ဟု စွပ်စွဲကာ အုပ်စုကို ဖျက်သိမ်းပစ်ရန် တောင်းဆိုကြသည်။  

 ‘အေပက်နဲ့ နယ်ချဲ့ဆန်တဲ့ ကမ္ဘာမှုပြုမှုဟာ ချမ်းသာတဲ့နိုင်ငံတွေကိုပဲ အကျိုးဖြစ်ထွန်းစေပြီး ဖိလစ်ပိုင်လို ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုတော့ ပိုဆင်းရဲသွားစေတယ်’’ဟု ဆန္ဒပြပွဲခေါင်းဆောင် ရီနာတို ရေးယက်စ်က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဟန့်တားမှုများနှင့် ဖြစ်လာနိုင်ဖွယ်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီးကာကွယ်ရန်အတွက် မြို့တော်တစ်ခွင်တွင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် သောင်းနှင့်ချီ၍ ဖြန့်ချထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly