FMI ၏ City Loft West ကို ရင်းနှီးမြုပ်နှံမှုကော်မရှင် ပါမစ်ပေး

 FMI ၏ City Loft West ကို ရင်းနှီးမြုပ်နှံမှုကော်မရှင် ပါမစ်ပေး

ဒီဇင်ဘာ ၄

First Myanmar Investment (FMI) ၏ စီမံကိန်းအသစ်ဖြစ်သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း City Loft West ကိုမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ရင်းနှီးမြုပ်နှံခွင့်ပြုခဲ့လိုက်သည်ဟု သိရသည်။

ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမတွင် နိုဝင်ဘာ ၂၅ရက်က ပြုလုပ်သည့် အစည်းအဝေးအမှတ်စဉ်  (၁၅/၂၀၂၀) ၌ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က စီးပွားရေးလုပ်ငန်းငါးခုကို ခွင့်ပြုခဲ့ရာ City Loft West လည်း ပါဝင်လာခဲ့ခြင်းဖြစ်သည်။

City Loft West စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊လှိုင်မြစ်ကမ်းနားလမ်း၊ဘုရင့်နောင် တံတားနှင့် အောင်ဇေယျတံတားတို့အကြားတွင် ဖော်ဆောင်သွားမည်ဖြစ်ပြီး အိမ်ရာအဆောက်အဦများ ဆောက်လုပ်ပြီး ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့ကို လုပ်ကိုင်မည်ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ဖြစ်ကြောင်း သိရသည်။

City Loft သည် Yoma Land နှင့် FMI မှ ပထမဆုံးသော တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖြစ်ပြီး စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် သန်လျင်မြို့ရှိ စတားစီးတီးကို ဖော်ဆောင်ခဲ့ပြီး လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် City Loft သည် အရောင်းရဆုံးအိမ်ရာဖြစ်ခဲ့သည်။

ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအဆိုပြုလုပ်ငန်း လေးခု၊ အတည်ပြုလုပ်ငန်း သုံးခု စုစုပေါင်း ခုနှစ်ခု ခွင့်ပြုခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြုပ်မှုကော်မရှင်က အဆိုပြုလုပ်ငန်းလေးခု၊အတည်ပြုလုပ်ငန်း တစ်ခု ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly