အမေရိကန်ဗလီများကို ပိတ်ပစ်ရန်မှတပါး ရွေးချယ်စရာမရှိဟု ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ် ထရန့်ပြော

အမေရိကန်ဗလီများကို ပိတ်ပစ်ရန်မှတပါး ရွေးချယ်စရာမရှိဟု ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ် ထရန့်ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၁၉ ။             ။ လွန်ခဲ့သည့်ရက်သတ္တပတ်က ပါရီတိုက်ခိုက်မှုများအပြီးတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆိုးရွားသည့်အခြင်းရာများ ဖြစ်ပွားပေါ်ပေါက်နေရာ ဗလီအချို့ကို ပိတ်ပစ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိကြောင်း ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်က ပြောကြားခဲ့သည်။

‘ဘာသာရေးအဖွဲ့အစည်းတွေကို ဘယ်သူကမှ ပိတ်မပစ်ချင်ဘူး။ ဒါပေမယ့်လည်း ကျနော်တို့မှာ ရွေးချယ်စရာမရှိတော့ဘူးဆိုတာ လူတော်တော်များများက နားလည်ကြပါတယ်’ဟု ထရန့်က အင်္ဂါနေ့ညက Fox Newsသို့ ပြောကြားခဲ့သည်။

‘တကယ်ကို ဆိုးရွားတဲ့အရာတစ်ချို့ဟာ ဖြစ်ပွားနေတယ်။ မြန်မြန်ဆန်ဆန်ကြီးကို ဖြစ်ပွားနေတယ်’’ဟုလည်း အငြင်းပွားဖွယ် မှတ်ချက်စကားများ ပြောဆိုမှုဖြင့် ထင်ရှားသူ ရီပတ်ဘလီကင်သမ္မတလောင်း ထရန့်က ထပ်လောင်းပြောကြားခဲ့သည်။  

အနည်းဆုံး လူ၁၂၉ယောက် သေဆုံးခဲ့ရပြီး ၃၅၀ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် သောကြာည ပါရီတိုက်ခိုက်မှုများကို တုန့်ပြန်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗလီများကို ပိတ်ပစ်ရန် အလေးအနက် စဉ်းစားလိမ့်မည်ဖြစ်ကြောင်း ထရန့်က တနင်္လာနေ့က ပြောကြားခဲ့သည်။

ကနဦးက ဆီးရီးယားအစိုးရကို မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ခုနှစ် ဂျော်ဒန်တွင် စီအိုင်အေက လေ့ကျင့်ပေးခဲ့သည့် အိုင်အက်စအကြမ်းဖက်သမားများက ပြင်သစ်နိုင်ငံတွင် လူအမြောက်အများ သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုများမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာခဲ့သည်။ ယခုလက်ရှိတွင် အိုင်အက်စ်များက ဆီးရီးယားနှင့် အီရတ်တွက် ကြီးမားသော နယ်မြေအစိတ်အပိုင်းကို ထိန်းချုပ်ထားသည်။

သို့ရာတွင် အိမ်ဖြူတော်အရာရှိဟောင်း ပေါ ခရိတ်ရောဘတ်ကဲ့သို့သော လွတ်လပ်သည့် ဝေဖန်သုံးသပ်သူများကမူ ယခုလက်ရှိ ဆီးရီးယားတွင် အိုင်အက်စ်များကို လေကြောင်းမှ တိုက်ခိုက်နေသည့် ရုရှကို တန်ပြန်ရန်အတွက် ပြင်သစ်ကို ဆီးရီးယားစစ်ပွဲထဲဝင်လာအောင် ပါရီတိုက်ခိုက်မှုများကို အမေရိကန်နှင့် နေတိုးတို့က ပုံမှားရိုက်၍ စီစဉ်ခြင်းဖြစ်သည်ဟု ပြောကြားကြသည်။  

အမေရိကန်အာဏာပိုင်များ၏ ပြောကြားချက်အရ ရုရှဂျက်တိုက်လေယာဉ်များက ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်၏ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် စီအိုင်အေက လေ့ကျင့်ပေးထားသော စစ်သွေးကြွများကိုလည်း တိုက်ခိုက်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly