လူလုပ်ကျွန်းမှ လူလုပ်ရွာသို့ - ချဲ့ထွင်ရေးတရုတ်တို့၏ နည်းပရိယာယ်သစ်များ

By မောင်မြသာ
04 December 2020
လူလုပ်ကျွန်းမှ လူလုပ်ရွာသို့ - ချဲ့ထွင်ရေးတရုတ်တို့၏ နည်းပရိယာယ်သစ်များ

ဒီဇင်ဘာ ၄

တရုတ်သည် ၂၀၁၇ ခုနှစ်အတွင်း တရုတ်နှင့် အိန္ဒိယ စစ်တပ်များအကြား ၇၂ ရက်ကြာ တင်းမာမှုများဖြစ်ပွားခဲ့သည့် ဒေါ့ခ်လမ်အနီး ဘူတန် နယ်မြေအတွင်း နှစ်ကီလိုမီတာခန့်တွင် ရွာတစ်ရွာတည်ခဲ့သည်။ တရုတ်၏ နိုင်ငံပိုင် သတင်းဌာနမှ အကြီးတန်းသတင်းဂျာနယ်လစ် ရှန် ရှီဝိုင်က နိုဝင်ဘာ ၁၉ရက်နေ့က တွစ်တာတင် ပုံများတင်အပြီး သတင်းများ ပျံ့နှံ့လာသော်လည်း မီဒီယာများတွင် အငြင်းပွားဖွယ် ဆောက်လုပ်ရေးအကြောင်း ပေါ်ပေါက်လာချိန်တွင် ၎င်းအား တရုတ်မီဒီယာမှ ဖယ်ရှားခဲ့ပြီး ဗြောင်ကျကျပင် ငြင်းဆန်ခဲ့သည်။
 
၎င်းသည် တရုတ်အနေဖြင့် ထိုဒေသအား ထိန်းချုပ်နိုင်ရန် “နည်းနည်းချင်းသိမ်းပိုက်ခြင်း” ကို အသုံးပြုနေခြင်း ပြယုဒ်ဖြစ်သည်။ ပန်ဂ်ဒ အမည်ရ ထိုရွာအသစ်သည် ဒေါ့ခ်လမ် အဖြစ်အပျက် ဖြစ်ပွားခဲ့သော ဒေသနှင့် နှစ် ကီလိုမီတာသာ ကွာဝေးသည်။ ဒုတိယကမ္ဘာစစ် ပြီးချိန်မှစ၍ တရုတ်သည် သူ၏ စစ်အင်အားကို အသုံးပြု၍ နယ်မြေကို မဟာဗျူဟာကျ ချဲ့ထွင်လျက်ရှိသည်။ တိဘက်၊ ရှင်ကျန်းနှင့် အာ့ခ်ဆိုင် ချင်း တို့အား ချဲ့ထွင်ခြင်းသည် တရုတ်ချဲ့ထွင်ရေး မူဝါဒ၏ သာဓက အချို့ဖြစ်သည်။ ဂါလ်ဝန်ချိုင့်ဝမ်းတွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ခိုက်မှုသည် အိန္ဒိယနယ်မြေအတွင်း ချဲ့ထွင်ရေးမူဝါဒကို ပိုမိုလုပ်ဆောင်လိုသော တရုတ်၏ ရန်လိုသည့် သဘာဝကို ဖော်ပြနေသည်။ တောင်တရုတ်ပင်လယ်တွင်း၌ပင် တရုတ်သည် လူလုပ်ကျွန်းများကို ဖန်တီးနေပြီး ဒေသကို လွှမ်းမိုးနိုင်ရန်ကြိုးစားနေကာ အခြားကမ်းရိုးတန်းနိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည်။ အရှေ့တရုတ်ပင်လယ်တွင် တရုတ်သည် နည်းပရီယာယ်အား အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဆန်ကကူ အား အငြင်းပွားနေသော နယ်မြေအဖြစ် ဖန်တီးခဲ့သည်။ ပထမဦးစွာ အခြားနိုင်ငံ၏ နယ်မြေအား သိမ်းယူပြီး သူ့ဘက်သို့ အလေးသာသော ညှိနှိုင်းမှု ပြုလုပ်ခြင်း သို့မဟုတ် အငြင်းပွားနေသော နယ်မြေအဖြစ် ပြုလုပ်ခြင်း  နည်းပရိယာယ်ပင်ဖြစ်သည်။

တရုတ်တွင် ပြည်တွင်းပဋိပက္ခရှိသည့်အခါတိုင်း ၎င်းသည် ပရမ်းပတာဖြစ်စေရန်နှင့် ပြင်ပကမ္ဘာအား ရှုပ်ထွေးစေရန် အခြားနိုင်ငံအား ကျူးကျော်မှုများ ပြုလုပ်ရန် ကြိုးပမ်းကြောင်း တွေ့ရသည်။ အတိတ်တွင် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ပြည်တွင်းပဋိပက္ခဖြစ်နေပြီး ပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နေချိန်တွင် တရုတ်သည် သူ၏ လူထုအား ဖြစ်ပွားနေသော ပြည်တွင်းအရေးမှ အာရုံလွှဲရန် ၁၉၆၂ တွင် အိန္ဒိယနှင့် စစ်မက်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ကမ္ဘာက တရုတ်အား ကပ်ရောဂါနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များအား ကန့်သတ်ထိန်ချိန်ထားသည်ဟု စွပ်စွဲနေချိန်တွင် ပုန်ကန်သော တရုတ် နိုင်ငံသား အချို့သည် ကမ္ဘာအား ရောဂါနှင့် ပတ်သတ်၍ သတိပေးရန် ကြိုးပမ်းခဲ့သည့်အခါ ဆိုးရွားသော သေဆုံးမှု သို့မဟုတ် ချို့ယွင်းခြင်းများနှင့် ကြုံတွေ့ခဲ့ကြရသည်။ ဥပမာအားဖြင့် FangFang ဒိုင်ယာရီ အဖြစ်အပျက်သည် အထင်ရှားဆုံးဖြစ်သည်။ ၎င်းသည် ဆုရစာရေးဆရာတစ်ဦးက ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု အစောပိုင်းကာလအတွင်း ဝူဟန်တွင် သူမဘဝအကြောင်းကို မှတ်တမ်းတင်ထားသည် ဒိုင်ယာရီဖြစ်သည်။ ၎င်းသည် တရုတ်အာဏာပိုင်များ၏ မေးခွန်းထုတ်ဖွယ် ရပ်တည်ချက်များအပေါ် အနောက်မီဒီယာများမှ အာရုံစိုက်လာစေသည့်အတွက် တရုတ်သည် ပြည်တွင်းတွင် ရောဂါကို မည်သို့ ထိန်းချုပ်နိုင်ခဲ့ကြောင်းနှင့် အခြားနိုင်ငံများအား ကပ်ရောဂါအား ကျော်လွှားနိုင်ရန် မည်သို့ ကူညီကြောင်း စသည့် အလိမ်အညာများအား ချက်ချင်းစတင် ဖြန့်ဝေခဲ့သည်။ အမှန်တကယ်တွင် ၎င်းသည် အမှန်တရားနှင့် ဝေးကွာလွန်းလှသည်။ ကူညီရန် ဝေး၍ ၎င်းသည် စီးပွားရေး ထိရှလွယ်သော နိုင်ငံများအား အခွင့်ကောင်းယူကာ လက်နက်ကိုင် ပဋိပက္ခများ စတင်နေခဲ့သည်။ ၎င်းသည် အိန္ဒိယ ဝန်းရံပိတ်ဆို့ရန်ကြိုးပမ်းနေပြီး  အိန္ဒိယ၏ အဓိကနယ်မြေနှင့် အရှေ့မြောက်ပိုင်းဒေသကို ဆက်သွယ်ပေးသောကြောင့် အလွန်အရေးကြီးသည့် ဆီလီဂူရီ  စင်္ကြံကို မျက်စိကျနေသည်။
 
ဘူတန်နှင့် နီပေါကဲ့သို့သော နိုင်ငံငယ်လေးများအတွက်ကတော့ သားကောင်ဖြစ်ကြရသည်။  အိန္ဒိယဆိုင်ရာ ဘူတန်သံအမတ် ဗက်စော့ နမ်ဂ်ယယ်က “ဘူတန်နယ်မြေအတွင်း ဘာတရုတ်ရွာမှ မရှိဘူး”ဟု ဟိန္ဒူ သတင်းစာသို့ ပြောခဲ့သည်။ သို့သော် တရုတ် နိုင်ငံပိုင် ဂလိုဘယ်တိုင်းမ်က “မှတ်တမ်းတွေအရ တရုတ်အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဒေါင် နိုင်ငံအာဏာပိုင်တွေက လူ၁၂၄ ဦးပါ အိမ်ထောင်စု ၂၇ စုက ၂၀၂၀ စက်တင်ဘာအတွင်း  ယဒေါင် နိုင်ငံ ဒွိုင်န  စီရင်စု ရှန်ဒွိုင်  ရွာကနေ ပန်ဂ်ဒ ရွာကို ပြောင်းရွှေ့သွားတယ်လို့ အတည်ပြုထားတယ်”ဟု ဖော်ပြခဲ့ပြီး ထိုရွာသည် နိုင်ငံမှာ ၃၅ ကီလိုမီတာအဝေးတွင် ရှိကြောင်း ဆိုခဲ့သည်။ ၎င်းသည် အငြင်းပွားဖွယ် နယ်စပ်ဒေသအတွင်း ရွာတည်ပြီး နောက်ပိုင်းတွင် ၎င်း၏ ပိုင်နက် နယ်မြေအဖြစ် တောင်းဆိုနေတော့သာ်။
 
ရှီကျင်းဖျင်၏ APEC အစည်းအဝေး မိန့်ခွန်းတွင် ဘက်ပေါင်းစုံဝါဒနှင့် ကမ္ဘာကြီးအား အတူတကွ ပေါင်းစည်းရန် တို့အား ပြောဆိုခဲ့သော်လည်း နယ်မြေချဲ့ထွင်ခြင်းကရှိနေသည်။ တရုတ်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများမှ ထိန်းချုပ်ကန့်သတ်ရန် လိုအပ်သည့် မကောင်းသည့်အကြံဉာဏ်နှင့် အင်အားကြီးနိုင်ငံ အဖြစ် ပေါ်ထွက်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly