အိန္ဒိယ SpiceXpress သည် ကာကွယ်ဆေးများသယ်ပို့ရန် အေးခဲကုန်စည် ကုမ္ပဏီများနှင့် ချိတ်ဆက်

 အိန္ဒိယ SpiceXpress သည် ကာကွယ်ဆေးများသယ်ပို့ရန် အေးခဲကုန်စည် ကုမ္ပဏီများနှင့် ချိတ်ဆက်

ဒီဇင်ဘာ ၄

SpiceJet ၏ လက်ခွဲ SpiceXpress သည် ကိုဗစ်-၁၉ ကာကွယ်ဆေးများအပါအဝင် ထိန်းချုပ်အပူချိန်အောက် ပို့ဆောင်ရန် လိုအပ်သည့် ဆေးဝါးများနှင့် ကာကွယ်ဆေးများအား သယ်ယူပို့ဆောင်ရန် အေးခဲကွင်းဆက် အေးခဲကုန်စည် ထောက်ပံ့သူများနှင့် ချိတ်ဆက်ခဲ့သည်။

ထို့ကြောင့် SpiceXpress သည် 'Spice Pharma Pro' ဟုခေါ်သော အထူးဝန်ဆောင်မှုကို စတင်ခဲ့သည်။

“ကျွန်တော်တို့က ပြစ်ချက်မဲ့ အေးခဲကုန်စည် လုပ်ငန်းတွေကို လုပ်ဖို့ အသေးစိတ် ကိရိယာတွေနဲ့ တက်ကြွပြီး တည်ငြိမ်တဲ့ ထုတ်ပိုးမှုတွေကို ပေးနိုင်တဲ့ အေးခဲကုန်စည် ဖြေရှင်းနည်းတွေက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ထားတယ်။ ဒီနေ့မှာ SpiceXpress က အလွန်မင်းထိခိုက်လွယ်တဲ့ ဆေးဝါးတွေ နဲ့ ကာကွယ်ဆေးတွေကို ထိန်းချုပ်ထားတဲ့ အပူချိန် အနှုန် ၄၀ ဒီဂရီကနေ ၂၅ ဒီဂရီ ဆဲလ်ဆီးရပ် အတွင်း သယ်ယူပို့ဆောင်နိုင်စွမ်းရှိနေပြီ။ SpiceXpress က တင်းကြပ်တဲ့ သယ်ယူပို့ဆောင်ရေး အခြေအနေတွေ လိုအပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် ထိခိုက်လွယ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဖြန့်ဝေဖို့လို ကြီးမားတဲ့ တာဝန်တွေလုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေပြီ”ဟု SpiceJet ဥက္ကဋ္ဌနှင့် မန်းနေးဂျင်းဒါရိုက်တာ Ajay Singh က ပြောသည်။
 
လေကြောင်းလိုင်း ကုန်တင်ဌာနတွင် ကုန်တင်ယာဉ် ၁၇ စင်းပါ အဖွဲ့ရှိပြီး ပြည်တွင်းသာမက အပြည်ပြည်ဆိုင်ရာ နေရာများသို့ ကုန်ပစ္စည်များ သယ်ပို့နိုင်သည်။

ထို့အပြင် လေကြောင်းလိုင်းသည် အပူချိန် အထိခိုက်မခံသော ကုန်စည်များကို သယ်ယူပို့ဆောင်ရန်အတွက် အအေးအထုပ်များနှင့် မြေပြင်ယာဉ်များနှင့် ကွန်တိန်နာများအား အပြောင်းအလဲပြုနိုင်ရန် နက်ရှိုင်းသော ရေခဲသေတ္တာများတပ်ဆင်ထားသည့် ဂိုဒေါင်များကွန်ယက်ကိုလည်း ပေးထားသေးသည်။

 အပြင်မထွက်ရအမိန့်ချပြီးချိန်မှစ၍ SpiceJet သည် တန်ချိန် ၈၅,၀၀၀ ရှိ ကုန်စည်များအား သယ်ယူပို့ဆောင်ခဲ့ပြီး လေကြောင်းလိုင်း၏ အပြည်ပြည်ဆိုင်ရာကုန်စည်ကွန်ယက်သည် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ ရရှား၊ ဥဇဘက်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေးဗျ၊ ထိုင်း၊ တရုတ်၊ မြန်မာ၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူနှင့် ကနေဒါ အပါအဝင် အပြည်ပြည်ဆိုင်ရာ နေရာ ၅၀ ကျော်ခန့်သို့ ဖြန့်ကျက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly