ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံနေရရာ အီတလီဘုန်းတော်ကြီးတစ်ပါးပါ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံနေရရာ အီတလီဘုန်းတော်ကြီးတစ်ပါးပါ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားများအပေါ် တိုက်ခိုက်မှုများဖြစ်နေရာ နောက်ဆုံးတိုက်ခိုက်မှုအဖြစ် အီတလီဘုန်းတော်ကြီးတစ်ပါး သေနတ်သမားများ၏ တိုက်ခိုက်ခြင်းခံရသည်။

တိုက်ခိုက်ခံရသည့် ဘုန်းတော်ကြီးမှာ ခရစ်ယာန်သာသနာပြုက ဖွင့်လှစ်ထားသည့် ဆေးရုံတစ်ရုံတွင် ဆရာဝန်အဖြစ်လုပ်ကိုင်နေသည့် ခရစ်ယာန်ဘုန်းတော်ကြီး ပီယာရိုပါရိုလာရီဖြစ်ကြောင်း ရဲက ပြောသည်။

အနောက်မြောက်ပိုင်း ဒီနာဂျပူရ်ခရိုင်တွင် နံနက်ပိုင်း ဘုရားဝတ်တက်ပြီး စက်ဘီးစီးသွားစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။ ဘုန်းတော်ကြီး၏ ဒဏ်ရာမှ ပြင်းထန်သော်လည်း စိုးရိမ်ရသည့် အနေအထားမရှိပေ။

ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မပြောကြားသေးပဲ နှစ်လအတွင်း နိုင်ငံအတွင်း နိုင်ငံခြားသားများ သုံးဦးမြောက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။

စက်တင်ဘာလအတွင်းက အီတလီအကူအညီပေးရေး ဝန်ထမ်းတစ်ဦး အသတ်ခံခဲ့ရပြီး အောက်တိုဘာအတွင်းက ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံခဲ့ရသည်။

တိုက်ခိုက်သတ်ဖြတ်မှုနှစ်ရပ်စလုံးကို အိုင်အက်စ်အုပ်စုက ၎င်းတို့ ကျုးလွန်ကြောင်း ကြေညာထားသော်လည်း အစိုးရမူ ဒေသတွင်းက စစ်သွေးကြွများကို အပြစ်ပုံထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly