ဟောလီးဝုဒ် အကျော်အမော် ချာလီရှင်း HIV ပိုး ကူးစက်ခံရကြောင်း ပြောကြား

ဟောလီးဝုဒ် အကျော်အမော် ချာလီရှင်း HIV ပိုး ကူးစက်ခံရကြောင်း ပြောကြား

ဟောလီးဝုဒ်ကြယ်ပွင့် ချာလီရှင်းက HIV ပိုး ကူးစက်ခံနေရကြောင်း NBC ရုပ်သံ၏ Today  Show အစီစဉ်တွင် အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်တော့်မှာ HIV ပိုး ရှိနေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီအကြောင်းကို လူတွေမသိဖို့ ငွေသန်းပေါင်းများစွာ သုံးစွဲခဲ့တယ်။ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက HIV ပိုး ကူးစက်ခဲ့တာပါ” ဟု ရှင်းက ပြောကြားသည်။

“ကျွန်တော် ဒီရာဂါပိုးကို ဘယ်လို ကူးစက်တယ်ဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီရောဂါ ကူးစက်ခဲ့ တဲ့အပေါ် အမည်းစက်တစ်ခုလို့ မခံစားရပါဘူး။ ကျွန်တော် ဒီရောဂါပိုးကို မပျံ့နှံ့အောင် ကုသမှုတွေ လုပ်ခဲ့တယ်” ဟု ချာလီရှင်းက ပြောကြားသည်။

“ကျွန်တော် အရက်သေစား သောက်စားတာတွေနဲ့ မူးယစ်ဆေးသုံးစွဲမှုတွေ လုပ်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ် ။ဒါပေမဲ့ ဒီရောဂါပိုးကို တစ်ခြားသူတွေဆီ မကူးစက်စေခဲ့ပါဘူး” ဟု ရှင်းက ပြောကြား သည်။

ချာလီရှင်းသည် အိမ်ထောင်သုံးဆက် ကွာရှင်းခဲ့သူဖြစ်ပြီး အပြာကား ရိုက်ကူးသော မင်းသမီး များနှင့် တွဲခဲ့သူတစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့် လေးနှစ်က ချာလီရှင်းတွဲခဲ့သော အပြာမင်းသမီးများ တွင် မင်းသမီး ဘရီအိုလ်ဆင်သည် တစ်ဦးအပါအဝင်ဖြစ်ပြီး ဘရီအိုလ်ဆင်သည် ၎င်းထံမှ HIV ရောဂါ ပိုး ကူးစက်ခံရခြင်း မရှိကြောင်း ချာလီရှင်းက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“ချာလီရှင်းဟာ လုံးဝကို ကျန်းမာနေပါပြီ။ သူရဲ့သွေးထဲမှာ HIV ပိုးဟာ ငုပ်နေတဲ့ အဆင့်မှာ ရှိနေပါပြီ” ဟု ၎င်း၏ဆရာဝန် ရောဘတ်ဟူဇန်ဂါက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags