တရုတ်၏ သံတမန်ရေးမဆန်သော အပြုအမူများ များပြားလာမှုက စိတ်ရှုတ်ထွေး မကျေနပ်မှုကို ပြသနေ

By လီချန်း
01 December 2020
တရုတ်၏ သံတမန်ရေးမဆန်သော အပြုအမူများ များပြားလာမှုက စိတ်ရှုတ်ထွေး မကျေနပ်မှုကို ပြသနေ

ဒီဇင်ဘာ ၁ 
 
တရုတ်၏ နက်ရှိုင်းစွာတည်နေသော မကျေနပ်မှု သို့မဟုတ် တရုတ်ကွန်မြူနစ်ပါတီ၏ ယုံကြည်မှုအား မှန်ကန်သော လမ်းကြောင်းဖြစ်သည်ဟု ဆိုကာ ယခုတွင် နိုင်ငံ၏ သံတမန်များသည် ဟောင်ကောင် သို့မဟုတ် တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်း၍ ပေကျင်းဘက်မှ ပါဝင်ရန် ငြင်းဆန်သူများအပေါ် မသင့်လျော်သော စကားအသုံးအနှုန်းများ အသုံးပြုလာကြသည်။
 
ဟောင်ကောင်ရှိ ဝေဖန်သူများအား နှုတ်ပိတ်ရန် တရုတ်၏ လုပ်ဆောင်ချက်များအား ဝေဖန်ပြစ်တင်သည့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဩစတြေးလျတို့ပါဝင်သည့် “မျက်လုံး ငါးခု” ထောက်လှမ်းရေးပူးပေါင်းမှုသို့ နယူးဇီလန်ပါဝင်ခဲ့ချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  ကျောက်လီဂျန် က နိုဝင်ဘာ ၂၃ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် နယူးဇီလန်အပေါ် ဆိုးဝါးစွာပြောဆိုခဲ့ခြင်းသည် သတင်းထောက်များကိုပင် အံ့အားသင့်စေခဲ့သည်။
 
“သူတို့မှာ မျက်လုံး ငါးခုပဲ ရှိရှိ၊ ၁၀ခုပဲရှိရှိ၊ တရုတ်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အကျိုးစီးပွားကို လာထိခိုက်ရင် မျက်လုံးတွေ ဖောက်ခံရပြီး  ကန်းသွားမှာ သတိထားသင့်တယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီဂျန်က ပြောခဲ့သည်။
 
အချို့သည်  ကျောက်လီဂျန် ၏ အတိတ်မှ အပြုအမူများနှင့် ရင်းနှီးပြီးဖြစ်သည်။  သူသည် ပါကစ္စတန်တွင် မစ်ရှင်အဖွဲ့လက်ထောက်အကြီးအကဲ (DCM) အဖြစ်ရှိခဲ့စဉ်တွင် သူ၏ တရားဝင်တွစ်တာအကောင့်တွင် နာမည်အပြည့်အစုံအား ‘မိုဟာမက် ကျောက်လီဂျန် ’ ဟူ၍ ရေးသားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် မဆင်မခြင် မတော်မလျော် အပြုအမူရှိသည်ဟု လူသိများသည်။ ၂၀၁၉ ခုနှစ်တွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း ဆူစန် ရွိုက် သည် ဝီဂါအရေးနှင့် ပတ်သတ်၍ လူမှုကွန်ယက်ပေါ်တွင် စကားစစ်ဖြစ်ခဲ့ပြီးနောက်  ကျောက်လီဂျန်အား ပါကစ္စတန်မှ ပြန်လည်ခေါ်ယူရန် တရုတ်အစိုးရအား တောင်းဆိုခဲ့သည်။
 
သူက “သင်သာ ဝါရှင်တန်ဒီစီမှာဆိုရင် လူဖြူတွေက လူမည်းတွေနဲ့ လက်တင်အမေရိကတွေအတွက်ဖြစ်တဲ့ SW ဒေသကို ဘယ်တော့မှ မသွားဘူးဆိုတာ သိမှာပါ။ လူမည်းမိသားစုရောက်လာတာနဲ့ လူဖြူတွေက ထွက်သွားပြီးတော့ တိုက်ခန်းဈေးတွေက ထိုးကျသွားလိမ့်မယ်လို့ ဆိုလိုတဲ့ ‘black in & white out’ ဆိုတဲ့ အဆိုရှိတယ်”ဟု တွစ်တာတွင် ရေးသားခဲ့ချိန်တွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်းက “လူမျိုးရေးခွဲခြားသည့်နာမည်ကျစေသူ”ဟု ခေါ်ဆိုခဲ့သည်။  ကျောက်လီဂျန် သည် သံတမန်ရေး မဆန်သည့် အပြုအမူများ ပြုခဲ့သော်လည်း ရှီကျင့်ဖျင်ဦးဆောင်သည် တရုတ်အစိုးရသည် သူ့အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအဖြစ် ရာထူးတိုးပေးခဲ့သည်။
 
ဆိုလိုသည်မှာ တရုတ်သည် စည်းမျဉ်း၊ ကျင့်ဝတ်ထုံးတမ်း သို့မဟုတ် တရားဥပဒေစိုးမိုးမှုကို မယုံကြည်ခြင်းဖြစ်သည်။ ၎င်းတို့အား လိုက်နာခြင်းသည် အားနည်ချက် ပြယုဒ်ဖြစ်ပြီး နိုင်ငံ၏ ခေါင်းဆောင်မှုပိုင်းသည် ထိုပုံရိပ်အား မဖော်ဆောင်လိုပေ။ ရလဒ်မှာ  ကျောက်လီဂျန်ကဲ့သို့သော လူများအား တရုတ်က ပါဝင်နေသည့် ဖွံဖြိုးတိုးတက်မှု၏ မှားယွင်းသော ဇာတ်ကြောင်းကို ဖော်ဆောင်ရန် ရှေ့တန်းတင်လာခြင်းဖြစ်သည်။
 
အမှန်တကယ်ထိန်းချုပ်ရေးစည်းတွင် အိန္ဒိယနှင့် တရုတ်အကြား ဆက်လက်ဖြစ်ပွားနေသည့် အငြင်းပွားမှုကို ကြည့်နိုင်သည်။ တရုတ် PLA တပ်ဖွဲ့များ အိန္ဒိယနယ်မြေများသို့ ကျုးကျော်ဝင်ရောက်ခဲ့ရာမှ စတင်ခဲ့ပြီး အိန္ဒိယ ပိုင်နက်အတွင်းသို့ ချီတက်ဝင်ရောက်ခြင်းမှ တားဆီးခဲ့ပြီး လာဒက်ခ်အရှေ့ပိုင်းတွင် အိန္ဒိယ အကျိုးစီးပွားများအား ကစားရန်ကြိုးပမ်းခဲ့ချိန်တွင် အပြင်းအထန် ပြိုင်ဆိုင်ခဲ့ရသည့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် အိန္ဒိယနှင့် တရုတ်အကြား တင်းမာမှုတစ်ခုချင်းစီအား သတိပြုမိသည်။
 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  ကျောက်လီဂျန်သည် နှစ်နိုင်ငံအကြား ခါးသီးသည့် အငြင်းပွားမှုများအတွက် အိန္ဒိယအား အပြစ်တင်လျက်ရှိသည်။ သူသည် အိန္ဒိယ စစ်သား ၂၀ သေဆုံးခဲ့ရသော ဇွန်လ ၁၅ရက် ဂါလ်ဝန် ချိုင့်ဝှမ်း အဖြစ်အပျက်အတွက် အိန္ဒိယတွင် တာဝန်ရှိကြောင်း ဆိုခဲ့ပြီး လာဒက်ခ် အား အိန္ဒိယ၏ တောင်းဆိုချက်အား အပူအပင်မရှိ မေးခွန်းထုတ်ခဲ့သေးသည်။ ထိုအရေးများအားလုံးသည် နိုင်ငံတကာ စိတ်ဝင်စားမှုမရသည့်အခါ တရုတ်ခေါင်းဆောင်ပိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတို့သည့် အကြောင်းပြချက် အသစ်များ ထပ်မံ ပြုလုပ်လာသည်။ သူတို့သည် နှစ်နိုင်ငံအကြား အငြင်းပွားမှုအတွက် အိန္ဒိယမှ လုပ်ဆောင်နေသော အမှတ်တစ်ကယ်ထိန်းချုပ်ရေးစည်း ၃၄၈၈ကီလိုမီတာ တစ်လျောက် အခြေခံအဆောက်အဦ ဆောက်လုပ်မှုအား အပြစ်တင်ခဲ့သည်။ ၎င်း၏ လာဒက်ခ်အရှေ့ပိုင်း လှုပ်ရှားမှုများနှင့် ဟိမဝန္တာအတွင်း လှုပ်ရှားသွားလာနေသည့် သောင်းကျန်သူများအား အိန္ဒိယမှ ချက်ချင်းရှင်းထုတ်နိုင်မှုသည် ပေကျင်းအား လွန်စွာ အရှက်ရစေသည်။
 
ဟောင်ကောင် အဖြစ်အပျက်များနှင့် ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များအား ညှင်းပန်းနှိပ်စက်မှုများသည် ၎င်းအား အခြေအနေဆိုးဝါးလာစေသည်။ အကျိုးဆက်အားဖြင့် ၎င်းသည် အိန္ဒိယ၊ နယူးဇီလန်၊ ဩစတြေးလျ၊ ကနေဒါ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်တို့နှင့် မကျေလည်မှုများကို ဖာထေးရန် လုပ်ဆောင်နေ၌သည်။ သို့ရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းက သံသယမျက်လုံးများဖြင့် စောင့်ကြည့်နေပြီး ထိုင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့် စသော နိုင်ငံများက ၎င်း၏ စီမံကိန်းများအား ပယ်ချထားကာ ၎င်း၏ ထောက်ပံ့ရေးကွင်းဆက်သည် စတင် ပြိုပျက်လာပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly