ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့တဲ့ IU

ဖက်ရှင်မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့တဲ့ IU

တောင်ကိုရီးယား အဆိုတော် တစ်ဦးဖြစ်သည့် IU သည် Marie Claire ကိုရီးယား ဖက်ရှင်မဂ္ဂ ဇင်း ဒီဇင်ဘာလထုတ်အတွက် မျက်နှာဖုံး ဓာတ်ပုံရိုက်ခဲ့သည်။

အဖြူအမည်း ဓာတ်ပုံတွင် အသက် ၂၂ နှစ်အရွယ်ရှိ  IU သည် ချစ်စဖွယ် မျက်နှာအမူအရာ ဖြင့် ကင်မရာကို စိုက်ကြည့်နေပြီး ဆွယ်တာ အင်္ကျီကို ပခုံးတစ်ဘက်သို့ လျောချထားသည်ကို တွေ့ရ သည်။ နောက်ထပ်တစ်ပုံတွင် IU သည် အနက်ရောင် အင်္ကျီကို ဝတ်ဆင်ထားပြီး ကျားသစ်ကွက် စကတ်ကို ဝတ်ဆင်ထားကာ လဲလျောင်းနေသည့်ပုံကို တွေ့ရသည်။

IU သည် ဆိုးလ်မြို့ အိုလံပစ်ပန်းခြံတွင် ဖျော်ဖြေပွဲ ကျင်းပရန်အတွက် ပြင်ဆင်လျက်ရှိပြီး ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ IU ၏ ဓာတ်ပုံများကို  Marie Claire ကိုရီးယား ဖက်ရှင်မဂ္ဂဇင်း ဒီဇင်ဘာလထုတ်တွင် တွေ့မြင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly