တရုတ်နှင့် UNHRC ဘယ်လိုမှ မအပ်စပ်ပါ

By မောင်မြသာ
27 November 2020
တရုတ်နှင့် UNHRC ဘယ်လိုမှ မအပ်စပ်ပါ

ကုလသမဂ္ဂအထွေထွေညီလာခံသည် မကြာသေးမီက လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအား ပြန်လည်ရွေးချယ်ခဲ့သည်။ လူ့အခွင့်အရေးနှင့် ပတ်သတ်၍ နာမည်ဆိုးရှိသော တရုတ်သည်လည်း ကောင်စီအတွက် ပြန်လည် ရွေးချယ်ခံခဲ့ရသည်။ တိဘက်တွင် ဘာသာရေးလွတ်လပ်ခွင့်အား ဖိနှိပ်ခြင်း၊ ရှင်ကျန်းရှိ ဝီဂါ ချွေးတပ်စခန်းများ၊ ပြည်တွင်းမွန်ဂိုလီးယားတွင် ဒေသခံဘာသာစကား အသုံးပြုခွင့် ပိတ်ပင်ထားခြင်းနှင့် ဟောင်ကောင်တွင် “အမျိုးသားလုံခြုံရေးဥပဒေ”ပြဌာန်းခြင်းစသော တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် လူမဆန်သောအပြုအမူများနှင့် စပ်လျဉ်း၍ ဆွေးနွေးစရာများ ဖြစ်ပေါ်လာစေသည်။

တရုတ်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေများသည်  UNHRC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ဒီမိုကရေစီနိုင်ငံများအကြား အဓိက အငြင်းပွားဖွယ်ဖြစ်လျက်ရှိသည်။ ရှင်ကျန်းရှိ မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်ရန် တရုတ်အား‌ တောင်းဆိုမှုများ တိုးလာနေသည်။ ပြီးခဲ့သောအပတ်တွင် ဂျာမနီသည် ရှင်ကျန်းရှိ လူ့အခွင့်အရေး အခြေအနေများနှင့် အမျိုးသားလုံခြုံရေးဥပဒေ ပုံစံသစ်တစ်မျိုး ပြဌာန်းပြီးနောက် ဟောင်ကောင်၏ နောက်ဆုံးအခြေအနေများအား စိုးရိမ်ပူပန်လျက်ရှိသည့် နိုင်ငံ ၃၉ နိုင်ငံကိုယ်စား ကုလသမ္မဂထံသို့ ကြေငြာချက်တစ်ခု တင်ခဲ့သည်။ ထိုကြေငြာချက်အား ပါကစ္စတန်၊ ကျူးဘားနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်သည့်နိုင်ငံများက ဆန့်ကျင်လျက်ရှိပြီး ဂျာမနီ၏ ကြေငြာချက်သည် တရုတ်ပြည်တွင်းအရေးအားဝင်စွက်ဖက်မှုအဖြစ် ပြောဆိုကြပြီး တရုတ်၏ ရှင်ကျန်းမူဝါဒအား ထောက်ခံကြောင်း ဖော်ပြခဲ့ကြသည်။

လူ့အခွင့်အရေးကောင်စီ၏ အရေးကြီးသော အင်္ဂါရပ်တစ်ခုမှာ နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူ့အခွင့်အရေးအခြေအနေများအား မျှတစွာ အကဲဖြတ်ရန်နှင့် မည့်သည့်နေရာတွင်မဆို ဖြစ်ပေါ်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖြေရှင်းရန်ဖြစ်သည်။ အကြီးဆုံးရည်မှန်းချက်မှာ နိုင်ငံအားလုံးတွင် လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်ဖြစ်သည်။ လူ့အခွင့်အရေးနှင့် ပတ်သတ်၍ မကောင်းသတင်းရှိသော ပြန်လည်ရွေးချယ်ခံခဲ့ရသော တရုတ်သည် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် တိုးတက်စေရန်ဖြစ်သော ကောင်စီ၏ ရည်မှန်းချက်အား ဆန့်ကျင်နေသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် နောက်တစ်ကြိမ်တွင် တရုတ်ရှိ လူ့အခွင့်အရေးကိစ္စများအား ဆွေးနွေးရန် တွေ့ဆုံသည့်အခါ မျှတသော မျှော်မှန်းချက်ရရန် ခက်ခဲပေလိမ့်မည်။ ယခင်က လူ့အခွင့်အရေးကောင်စီတွင် ရှင်ကျန်းရှိ ဝီဂါများအပေါ် တရုတ်၏ ညှင်းပန်းနှိပ်စက်မှုများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးအဖွဲ့များအား မေးမြန်းခဲ့သည့်အခါ တရုတ်ကိုယ်စားလှယ်သည် ကောင်စီ၏ စည်းမျဉ်းများအား ကြိုးကိုင်ခြယ်လှယ်ခြင်းအားဖြင့် ထိုမေးခွန်းများအား တားဆီးခဲ့ရုံမက ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ ထိုအပြုအမူများမှတစ်ဆင့် တရုတ်၏ မာနထောင်လွှားမှုကို တွေ့နိုင်သည်။

 ယခုနှစ်များအတွင်း တရုတ်သည် အင်အားနည်းပါးပြီး သေးငယ်သောနိုင်ငံများအပေါ် ငွေနှင့်ထိန်းသိမ်းရန် ၎င်း၏ စီးပွားရေးအင်အားနှင့် "Belt and Road" အထောက်အပံ့နှင့် “အာရှအခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်”အား အခွင့်ကောင်းယူခဲ့သည်။ နိုင်ငံငယ်လေးများသည် တရုတ်အား မထောက်ခံပါက စီးပွားရေးအားပေးမှုများ ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ခံရသည်။

တရုတ်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာအရပ်ဘက်လေကြောင်းအဖွဲ့အစည်းကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများတွင် အမှုထမ်းများထားရှိပြီး ၎င်းအဖွဲ့အစည်းများအတွင်း သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ သို့မဟုတ် အမှုထမ်းခန့်အပ်ထားမှုများအား ၎င်း၏ ကြိုးကိုင်ခြယ်လှယ်မှုသည် များပြားလာသည်။

 ၂၀၁၈ခုနှစ်တွင် လူ့အခွင့်ရေးနှင့် စပ်လျဉ်း၍ နာမည်ဆိုးရှိသော နိုင်ငံအချို့သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရခြင်းသည် နိုင်ငံများစွာအကြား မကျေနပ်မှုများ တိုးပွားလာစေကာ အမေရိကန်သည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နှုတ်ထွက်ခဲ့သည်။ ယခုနှစ် မေလတွင် သမ္မတ ဒေါ်နယ်ထရမ့်သည် ဝူဟန်ရောဂါအား တရုတ်၏ ကိုင်တွယ်မှုအား ကျေနပ်ခြင်းမရှိဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား တရုတ်၏ ရုပ်သေးရုပ်အဖြစ် ဝေဖန်ကာ နိုင်ငံတကာအဖွဲ့အစည်းများအတွင်း တရုတ်၏ ခြယ်လှယ်မှု ပြင်းထန်ပုံကို မီးမောင်းထိုးပြကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နှုတ်ထွက်မည့်အကြောင်းနှင့် ထောက်ပံ့နေခြင်းအား ရပ်တန့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ရွေးချယ်ခံရခြင်းသည် တရုတ်၏ မာနထောင်လွှားမှုနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ကမ္ဘာ့ကျန်းမာရေးလမ်းစဉ်အတိုင်း တရုတ်၏ ရုပ်သေးရုပ်အဖြစ် ကျဆုံးလာခြင်းကို ပြသလျက်ရှိသည်။ အမေရိကန်သမ္မတ ထရမ့်သည် အချို့သော နိုင်ငံတကာအဖွဲ့အစည်းများထံမှ နှုတ်ထွက်ရန်ကြေငြာခဲ့သော်လည်း အမေရိကန်၏ နှုတ်ထွက်မှုသည် နိုင်ငံတကာစင်မြင့်တွင် တရုတ်၏ အနိုင်ကျင့်မှုအား ရပ်တန့်နိုင်မည် မဟုတ်ပေ။ တစ်ဖက်တွင်မူ တရုတ်၏ ပေါင်းစည်းညီညွတ်မှုအား ခံနိုင်ရည် လျော့ကျစေလိမ့်မည်။ ထို့ကြောင့် တရုတ်နှင့် ပါကစ္စတန်ကဲ့သို့သော  နိုင်ငံများအား နိုင်ငံတကာအဖွဲ့အစည်းများတွင် အခြေခံ စည်းမျဉ်းများနှင့် ကဏ္ဍများအပေါ် ဆန့်ကျင့်ဘက်ပြုမူခြင်းများအား တားဆီးရန် အမေရိကန်နှင့် အိန္ဒိယကဲ့သို့သော ဒီမိုကရေစီနိုင်ငံများသည် ကုလသမဂ္ဂနှင့် ၎င်း၏ ဆက်စပ်နေသော အဖွဲ့များအား ပြန်လည်ဖွဲ့စည်းရန် တွန်းအားပေးသင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required