တရုတ် ဝံပုလွေသံတမန်ရေး သက်သေ

By မောင်မြသာ
26 November 2020
တရုတ် ဝံပုလွေသံတမန်ရေး သက်သေ

နိုဝင်ဘာ ၂၆

ဖီဂျီမှာရှိတဲ့ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးမှာ အောက်တိုဘာ ၈ရက်နေ့က အမျိုးသားနေ့ကျင်းပနေတုံးမှာ  တရုတ်သံတမန် နှစ်ယောက်က ပွဲထဲအတင်းဝင်ပြီး ရိုင်းရိုင်းစိုင်းစိုင်းမှတ်ချက်တွေပြုခဲ့တာကနေ အစပြုလို့  ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကဝန်ထမ်းတွေနဲ့ ခိုက်ရန်ဖြစ်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။ ဒီပွဲကို ဖီဂျီဝန်ကြီးတွေ၊ နိုင်ငံခြားသံတမန်တွေ၊ အန်ဂျီအိုနဲ့ ဖီဂျီက တရုတ်အသိုင်းအဝိုင်းလည်း တက်ခဲ့တဲ့ပွဲပါ။ သတင်းမီဒီယာတွေရဲ့ တင်ပြချက်အရဆိုရင် တရုတ်သံတွေနဲ့ ထိုင်ဝမ်ရုံး ဝန်ထမ်းတွေဟာ ဒဏ်ရာတွေတောင် ရခဲ့ကြတယ်လို့ ဆိုပါတယ်။  ထိုင်ဝမ်အရာရှိတစ်ယောက်ဆိုရင် ဦးခေါင်းဒဏ်ရာရလု့ိ ဆေးရုံတင်ခဲ့ရပါတယ်။
 
ဒီဖြစ်ရပ်ဟာ တရုတ်သံတမန်တွေရဲ့ ရန်လိုပြီး မရိုးဖြောင့်တဲ့ သံတမန်ရေး အပြုအမူကို ပြောင်ပြောင်တင်းတင်းပြသလိုက်တာဖြစ်ပြီး တရုတ်ရဲ့ ဝံပုလွေသံတမန်ရေးရယ်လို့ နာမည်ဆိုးစေထွက်တဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုလည်းဖြစ်ပါတယ်။
 
မကြာသေးခင်ကစလို့ တရုတ်ဟာ ထိုင်ဝမ်ရေလက်ကြားမှာ စစ်လေယာဉ်တွေ ပျံသန်းမှုတွေ တိုးလိုက်ပြီး ထိုင်ဝမ်ကို စစ်ရေးကျူးကျော်မှုတွေ ပြုလုပ်နိုင်တယ်ဆိုတာကို ပြောင်ပြောင်တင်းတင်းပြပြီး ရန်မူတဲ့ အပြုအမူတွေကို ပြသနေပါတယ်။

 ဖီဂျီက တရုတ်သံတမန်တွေရဲ့အပြုအမူက သီးခြားကိစ္စမဟုတ်ဘဲ ထိုင်ဝမ်အာဏာပိုင်တွေကို သွေးတိုးစမ်းတဲ့ အနိုင်ကျင့် ပဋိပက္ခပေါ်ပေါက်စေဖို့ အပြုအမူပဲဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ဒီအဖြစ်အပျက်ကနေတစ်ဆင့် ထိုင်ဝမ်အာဏာပိုင်တွေက အရင်ရန်စတယ်၊ ထိုင်ဝမ်ဟာ တရုတ်နဲ့ ငြိမ်းချမ်းရေး မယူလိုဘူးဆိုတဲ့ ပုံစံမျိုး နိုင်ငံတကာကမြင်လာဖို့ တရုတ်က ရန်စဖန်တီးလိုက်တာပဲဖြစ်ပါတယ်။
 
ထိုင်ဝမ်နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေဟာ နိုင်ငံတကာကျင့်ဝတ်နဲ့ ဆန့်ကျင်နေပြီး သမာသမတ်ကျတဲ့ သံသမန်ရေး မျော်မှန်းချက်ကို ကျော်လွန်နေတဲ့ အဲဒီအဖြစ်အပျက်ကို ထိုင်ဝမ်မှာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သူ့ သံတမန်တွေကို ထောက်ခံပေးခဲ့ပါတယ်။ ထိုင်ဝမ်ကုန်သွယ်ရေးရုံးနဲ့ပတ်သက်ပြီး မေးမြန်းတာမှာတော့ ပြောရေးဆိုခွင့်ရှိသူက ဖီဂျီမှာ ထိုင်ဝမ်နဲ့ သံတမန်ရယ်လို့ မရှိကြောင်းနဲ့ ထိုင်ဝမ်ကုန်သွယ်ရေးရုံးဟာ နိုင်ငံတော်အလံအတုတွေ လွှင့်တင်ထားတယ်လို့ ဆိုပါတယ်။
 
ဖီဂျီသတင်းမီဒီယာတွေမှာတော့ တရုတ်သံတမန်ရဲ့ အပြုအမူတွေကို မေးခွန်းထုတ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဖီဂျီအာဏာပိုင်တွေကို ဖိအားပေးဖို့ ကြိုးစားတဲ့အနေနဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ် တစ်ခုတည်းဖြစ်တယ်ဆိုတဲ့ နိယာမကို ကိုင်ပြီး ဖီဂျီအစိုးရဟာ စည်းမျဉ်းဥပဒေသ အကြီးအကျယ် ကျူးလွန်တာပဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း  ဖီဂျီအစိုးရက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပြန်ပါတယ်။  

တဘက်မှာလည်း ရုတ်ဟာ ထိုင်ဝမ်ရေလက်ကြားမှာ အကြီးစား လေ့ကျင့်ရေးတွေ လုပ်ဆောင်နေပြီး ကျွန်းကို အင်အားသုံးသိမ်းပိုက်ဖို့ ခြိမ်းခြောက်ခြင်းက အခြေအနေကို ပိုဆိုးရွားလာနေစေပါတယ်။

CCP က အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေနေတဲ့ Daily Global Times ရဲ့ အောက်တိုဘာ ၁၉ ရက်နေ့ထုတ်  ခေါင်းကြီးပိုင်းမှာ ထိုင်ဝမ်ကို အဓမ္မပေါင်းစည်းမှုဟာ ဖြစ်ပေါ်နိုင်မှာလားဆိုတာဟာ မေးခွန်းမဟုတ်ဘဲ ဘယ်အချိန်မှာ ဖြစ်ပေါ်လာမလဲဆိုတဲ့ မေးခွန်းရယ်လို့ ဖော်ပြထားပါတယ်။ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားနိုင်ဖို့ အသံထက်ငါးဆမကမြန်တဲ့ ဒုံးတွေကိုအသုံးပြုထားတဲ့အကြောင်း ခေါင်းကြီးပိုင်းမှာ ရေးထားပြီး အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို ထောက်ပံ့တာရှောင်ရှားဖို့ သတိပေးထားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly