အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်သံအမတ်ကြီးတွေ့ဆုံ

.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့သည် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အဆောင်အမှတ် အိုင်-၁၂ တွင် နိုဝင်ဘာ ၁၈ရက်က လာရောက်တွေ့ဆုံခဲ့ကြောင်း NLD Chairperson ဖေ့စ်ဘုတ်တွင် ထုတ်ပြန်ထားသည်။ 

တရုတ်သံအမတ်ကြီး နှင့် အဖွဲ့သည် နိုဝင်ဘာ ၁၈ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့သေးသည်။