ပိုလန်မှာ ကမ္ဘာ့အနက်ဆုံး ရေးကူးကန် ဖွင့်လှစ်

ပိုလန်မှာ ကမ္ဘာ့အနက်ဆုံး ရေးကူးကန် ဖွင့်လှစ်
Photos: AFP

ပြီးခဲ့တဲ့  စနေနေ့က ဝါဆောမြို့အနီးမှာ အတုပြုလုပ်ထားတဲ့ ရေအောက် ဥမင်တွေနဲ့ မာယာတို့ရဲ့ ယဉ်ကျေးမှုတွေပါတဲ့ အနက် ၄၅.၅ မီတာ (ပေ ၁၅၀) ရှိ ကမ္ဘာ့အနက်ဆုံးရေကူးကန်ကို ဖွင့်လှစ်ခဲ့ပါတယ်။ 

Deepspot လို့နာမည်ရတဲ့ ရေးကူးကန်ဟာ ရေငုပ်သမားတွေနဲ့ အလွတ် ဒိုက်ဗင်ထိုးသူတွေအတွက် စူးစမ်းလေ့လာဖို့ သင်္ဘောအပျက်အစီးအပိုင်းအစလေးတစ်ခုလည်း ပါဝင်ပါတယ်။ 

ဒီရေကွင်းကန်ဟာ ရေပမာဏ ၈,၀၀၀ ကုဗမီတာ ထည့်သွင်းထားပြီး သာမန် ၂၅ မီတာ ရေကန်ထက် အဆ ၂၀ ပိုများတာဖြစ်ပါတယ်။ 

ပုံမှန်ရေကူးကန်တွေနဲ့မတူဘဲ Deepspot ရေကူးကန်ဟာ ပိုလန်နိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်ကန့်သတ်ချက်တွေရှိနေပေမယ့်လည်း ရေကူးသင်တန်းတွေပေးတဲ့ သင်တန်းစင်တာဖြစ်လို့ ဖွင့်လှစ်နိုင်တာဖြစ်ပါတယ်။

အနက် ၅ မီတာမှာရှိတဲ့ ရေငုပ်သမားတွေကို ဧည့်သည်တွေက ကြည့်ရှုနိုင်မယ့် အခန်းတွေပါတဲ့ ဟိုတယ်တစ်ခုကိုလည်း စီစဉ်ထားပါတယ်။ 

အသက် ၄၇ နှစ်အရွယ် Deepspot ဒါရိုက်တာ၊ ရေငုပ်သမားလည်းဖြစ်သူ Michal Braszczynski က "ဒါက ကမ္ဘာ့အနက်ရှိုင်းဆုံး ရေကူးကန်ပါပဲ။"လို့ စနေနေ့ ဖွင့်ပွဲမှာ AFP ကို ပြောကြားခဲ့ပါတယ်။ 

လက်ရှိ ဂင်းနစ်စံချိန်ပိုင်ဆိုင်ထားတာက အီတလီနိုင်ငံ၊ Montegrotto Terme က ရေကူးကန်ဖြစ်ပြီး အနက် ၄၂ မီတာရှိပါတယ်။ 

၂၀၂၁ ခုနှစ်မှာ ဗြိတိန်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ Blue Abyss ရေကူးကန်ဟာ မီတာ ၅၀ အနက်ဖြစ်ပါလိမ့်မယ်။ 

နှစ်နှစ်တာကာလအတွင်း ရေကူးကန် တည်ဆောက်ဖို့ ကွန်ကရစ် ကုဗမီတာ ၅,၀၀၀ ခန့်ကို အသုံးပြုခဲ့ပြီး ၎င်းဟာ ဇွာတာသန်း ၄၀ (ယူရို ၈.၉သန်း၊ ဒေါ်လာ ၁၀.၆ သန်း)ဝန်းကျင် ကုန်ကျတယ်လို့ သိရပါတယ်။  

Ref; AFP 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly