ကော့သောင်းပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များသေဆုံးနေမှု တိကျသည့် အဖြေမရသေး

ကော့သောင်းပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ်များသေဆုံးနေမှု တိကျသည့် အဖြေမရသေး

နိုဝင်ဘာလ ၂၀

ကော့သောင်းပင်လယ်ပြင်အတွင်း ကျောက်ငါးမျိုးစိတ်တွေ သေဆုံးမှုနဲ့ပတ်သတ် တိကျတဲ့အဖြေမရသေး ဘူးလို့ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

သေဆုံးမှုမြင့်တက်နေတဲ့ ကျောက်ငါးမျိုးစိတ်တွေကို ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ငါးနဲ့ရေ နမူနာတွေကိုယူပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သာကေတမြို့နယ် ၊ဓါတ်ခွဲခန်းနဲ့ ငါးရောဂါဌာနကို ပို့ဆောင်ခဲ့ပါတယ်။

ကျောက်ငါးမျိုးစိတ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအလယ်ကတည်းက ကော့သောင်းပင်လယ်ရေပြင် ပေါ်မှာ သေဆုံးနေကြတာဖြစ်ပြီး တစ်လကျော်ရှိလာပြီလည်းဖြစ်ပါတယ်။

အခုဆိုရင်တော့ ကျောက်ငါးတွေသေဆုံးမှုဟာ လန်ပိအဏ္ဍာဝါအမျိုးသားဥယျာဉ်နဲ့ လငန်းကျွန်းအပါဝင် ပါချန်မြစ် အတွင်းမှာရှိတဲ့ နွားကြီး၊နွားငယ်နဲ့လူသတ်ကျွန်းအလယ်အထိ  သေဆုံးမှုတွေရှိလာနေပြီ ဖြစ်ပါတယ်။

သေဆုံးနေတဲ့ ကျောက်ငါးတန်ချိန်ဟာ ခန့်မှန်းခြေ ကီလိုလေးထောင် ခန့်ရှိနိုင်တယ်လို့ သေဆုံးငါးတွေကို လိုက်လံကောက်ယူနေတဲ့ ဒေသခံတွေကဆိုပါတယ်။

သေဆုံးနေတဲ့ ကျောက်ငါးတွေကို အစောပိုင်းမှာ ဒေသခံတွေက ကောက်ယူချက်ပြုတ်စားသောက်တာ တွေအပြင် ကျောက်ငါးတွေဟာ ဈေးကြီးတဲ့ငါးတစ်မျိုးဖြစ်တာကြောင့်လည်း ရွာတချို့က ဒေသခံတွေဆယ်ယူ ပြီး ထိုင်းဘက်ကို သွားရောက် ရောင်းချတာတွေပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် တစ်နေတခြားသေဆုံးမှုတွေက ရပ်တန့်မသွားတာကြောင့် ဒေသခံကျေးရွာနေ ရေလုပ်သားတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိလာပြီး ချက်ပြုတ်စားသောက်တွေကိုလည်း မလုပ်တော့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိတဲ့ ငါးအဝယ်ဒိုင်တွေက ကျောက်ငါးမျိုးစိတ်တွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီ ယာတွေမှာ ဖော်ပြလာတာကြောင့် ကျောက်ငါးဝယ်ယူမှုတွေကို ရပ်တန့်ထားတယ်လို့လည်း ဒေသ ခံရေလုပ် သားတွေက ပြောဆိုကြပါတယ်။

ဒေသခံတွေကတော့ သေဆုံးကျောက်ငါးတွေကို လှေငယ်တွေနဲ့လိုက်လံကောက်ယူမှုတွေကို ဆက်လက် ပြုလုပ်နေပြီး ငါးလုပ်ငန်းဦးစီးဌာနဘက်ကတော့ အခုလိုကောက်ယူမှုတွေအပေါ် တစ်စုံတရာတားမြစ်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ငါးသုတေသနပညာရှင်တွေကတော့ ကျောက်ငါးတွေသေဆုံးခြင်းနဲ့ပေါလောမျောနေခြင်းဟာ ပင်လယ်ရေတွေ မှာ မီသိုင်းမာကျူရီကြောင့် ဖြစ်နိုင်ခြေရှိတဲ့အပြင် မာကျူရီ-ပြဒါး(Mercry)ပါဝင်မှုမြှင့်တက်နေတာကြောင့် စား သုံးရန်မသင့်ဘူးလို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly