ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးရုပ်သိမ်း

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးရုပ်သိမ်း

ရန်ကုန်၊နိုဝင်ဘာ ၁၈ ။          ။ ရှမ်းပြည်နယ်  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးကို နိုဝင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ထုတ်ပြန်လိုက်သည်။
 
အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိပြီး တည်ငြိမ်အေးချမ်းမှု ရရှိလာသောကြောင့် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၃၊ပုဒ်မခွဲ(ခ)အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၂/၂၀၁၅)ဖြင့် ထုတ်ပြန်ထားသော စစ်အုပ်ချုပ်ရေးကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ရုပ်သိမ်းလိုက်သည်။

ကိုးကန့်ဒေသ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ မှ မေလ ၁၇ ရက်ထိ ရက် ၉၀ အရေးပေါ်အခြေအနေ ကြေညာပြီး သက်တမ်းပြည့်သွားခဲ့ပြီး မူလ အခြေအနေကို ပြန်မရောက်သဖြင့် သမ္မတက စစ်အုပ်ချုပ်ရေးကာလကို သြဂုတ် ၁၇ ရက်ထိ နောက်ထပ် ၃ လ ထပ်မံ တိုးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၁၈ ရက်နေ့တွင်တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ထပ်မံ တိုးမြှင့် အုပ်ချုပ်ရန် အတည်ပြုထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly