၀မ်ဟိုင်းဒေသတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ဒုက္ခသည်တိုး

၀မ်ဟိုင်းဒေသတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၍ ဒုက္ခသည်တိုး
ရှမ်းပြည်နယ် တောင်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် ( RCSS/SSA) ထိန်းချုပ်ရာနယ်မြေ လွယ်တိုင်းလျန်ဒေအတွင်းရှိ အွန်လန်းဆွမ် ဒုက္ခသည်စခန်းအား ဒီဇင်ဘာလ ၂ ရက်က တွေ့ရစဉ်။( ဓာတ်ပုံ - သိင်္ဂီထွန်း မဇ္စျိမ)

ရန်ကုန်၊နိုဝင်ဘာ ၁၈ ။              ။ အစိုးရတပ်မတော်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် စစ်ဘေးဒုက္ခသည် ဦးရေသောင်းချီ တိုးပွားလာကြောင်း ရှမ်းပြည်တိုးတတ်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ထုတ်ပြန်ချက်အရသိရသည်။

စစ်ပြေးဒုက္ခသည်များသည် တိုက်ပွဲပြင်းထန်လာသောကြောင့် အိုးအိမ်များ လယ်ယာမြေများကို စွန့်ပစ်ရွေ့ အိမ်းလုံးကျွတ် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လယ်သမားများ လည်းကောက်ရိတ်သိမ်းနိုင်မှု့မရှိဘဲ ထောင်နှင့်ချီသော ကျောင်းသားများသည်လည်း ကျောင်းမတတ်နိုင်ဘဲ အခွင့်ရေးဆုံးရှုံးနေရကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာ ၁၈ ယနေ့ မနက်လေးနာရီခန့်က ရှမ်းပြည်တပ်မတော် SSPP/SSA ကျူမောက်စခန်းဘက်မှ လက်နက်ကြီးဖြင့် လေးချက်ခန့်ပစ်ခေတ်ခဲ့ပြီး ပန်ဝိုးရွာအနီး ကောင်းမှူးရတိုက် တွင် နှစ်ဘက် တိုက်ပွဲပြင်းထန်နေကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

နိုဝင်ဘာ ၁၇ရက်က တပ်မတော်ဘက်မှ ဂျက်လေယာဉ် ၄ စီးဖြင့် နေ့လယ် တစ်နာရီခန့်မှ စပြီး သုံးနာရီကြာဗုံးကျဲတိုက်ခိုက်ခဲပြီး ရှမ်းပြည်တပ်မတော် SSPP/SSA ဘက်က ဝမ်ဟိုင်းအရှေ့ဘက်ရှိ ကျူမောက်ခေါင် စခန်း လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုဝင်ဘာလ ၁၆ ရက်တွင်တပ်မတော်ဘက်မှ ဂျက်တိုက်လေယဉ်နှစ်စီး၊ ဟယ်ရီကော်ပရာ ၆ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မိုင်းရှူးမြို့နယ် ဝမ်ဆော့ရွာတောင်ဘက်ရှိ SSPP/SSA မှအခြေကုပ် ယူထားသည့် နေရာများသို့ မိုးချုပ်သည်အထိအကြိမ်ကြိမ်ချီတတ် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly