စပိန်ကို အရှက်တကွဲဂိုးပြတ်ရှုံးနိမ့်အပြီး ဂျိုအာချင်လို၊ ခရူးစ်၊ ဂနာဘရီတို့ ပြောစကား

စပိန်ကို အရှက်တကွဲဂိုးပြတ်ရှုံးနိမ့်အပြီး ဂျိုအာချင်လို၊ ခရူးစ်၊ ဂနာဘရီတို့ ပြောစကား
Photos: EPA

အင်္ဂါနေ့က စပိန်အသင်းဟာ ဂျာမနီအသင်းကို ဆီဗီလာကွင်းမှာ ၆-၀ ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီးနောက် နေရှင်းလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဂျာမန်တို့အတွက်တော့ ၈၉ နှစ်အတွင်း အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။ 

ဂျာမနီအသင်းဟာ ၁၉၃၁ ခုနှစ်မှာ သြစတြီးယားအသင်းကို ခြေစမ်းပွဲတစ်ခုမှာ အလားတူဂိုးရလဒ်မျိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း မရှိခဲ့ပါဘူး။ 

"နာကျင်ရပါတယ်။"လို့ ဂျာမန်ကွင်းလယ်ကစားသမား တိုနီ ခရူးစ်က ပြောပါတယ်။ "စပိန်အသင်းက ဘောလုံးပိုင်ဆိုင်ချိန်မှာရော၊ မပိုင်ဆိုင်ချိန်မှာပါ ဘယ်လိုကစားရသလဲဆိုတာ ကျနော်တို့ကို ပြသွားခဲ့ပါတယ်။"

ဂနာဘရီက "ဘာဆင်ခြေမှ မရှိပါဘူး။ ကျနော်တို့ ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာ ကျနော်တို့ အခု သိပါပြီ။"လို့ ဖြည့်စွတ်ပြောဆိုသွားပါတယ်။ 

စပိန်နဲ့ ဂျာမနီတို့ရဲ့ ပွဲစဉ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးကစားသမားက ဖာရန်တောရက်စ်ဖြစ်ပြီး သူက ဟက်ထရစ် သွင်းယူခဲ့တာပါ။ စပိန်အတွက် တခြားသွင်းဂိုးတွေကိုတော့ မိုရာတာ၊ ရော့ဒရီနဲ့ အိုယာဇာဘယ်တို့က တစ်ဂိုးစီ သွင်းယူပေးသွားခဲ့ပါတယ်။ 

နည်းပြ ဂျိုအာချင်လိုဟာ ၂၀၁၄ မှာ ဂျာမနီအတွက် ကမ္ဘာ့ဖလားရယူပေးခဲ့ပေမယ့် ၁၄ နှစ်ကြာ ကိုင်တွယ်ပြီးနောက်မှာတော့ အခုလို အရှက်တကွဲရှုံးနိမ့်ခဲ့အပြီး သူဟာ ပြင်းထန်တဲ့ ဖိအားပေးမှုကို ခံနေရမှာဖြစ်ပါတယ်။

"ညက ကျနော်တို့ ဘာမှ ကောင်းကောင်းမလုပ်ပြနိုင်ခဲ့ပါဘူး။"လို့ ဂျိုအာချင်လိုက ပြောပါတယ်။ "ကျနော်တို့က အရေးကြီးတဲ့ ပွဲတိုင်းကို အရေးနိမ့်ခဲ့တယ်။" 

သူ့ရဲ့ နည်းပြနေရာဟာ ခြိမ်းခြောက်မှုခံနေရပြီလားလို့ မေးမြန်းရာမှာတော့ ဂျိုအာချင်လိုက "ကစားသမားတွေကို ကျနော်ယုံတယ်။ သူတို့တွေဟာ ငယ်ရွယ်တဲ့ အသင်းတစ်သင်းပါ။ ကျနော့်နည်းပြရာထူးနဲ့ ပတ်သက်လို့ကတော့ စိတ်မပူပါဘူး။"လို့ ဖြေကြားသွားပါတယ်။ 

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly