သြစတြေးလျတွင် ပထမဆုံး မွတ်စလင်ပါတီ ထူထောင်

သြစတြေးလျတွင် ပထမဆုံး မွတ်စလင်ပါတီ ထူထောင်

သြစတြေးလျနိုင်ငံတွင် လာမည့် ဖက်ဒရယ်ရွေးကောက်ပွဲတွင် အမတ်နေရာ ယှဉ်ပြိုင်ရန်  မွတ်စလင်ပါတီတစ်ရပ်ကို ပထမဆုံး ထူထောင်လာသည်။

ဆစ်ဒနီတွင် ပါတီဖွင့်ပွဲ၌ မွတ်စလင်များအတွက် ပို၍ ကျယ်ကျယ်လောင်လောင်ပြောဆိုနိုင်ရန်အတွက်ဖြစ်ကြောင်း ပါတီထူထောင်သူ ဒီယာမိုဟာမတ်က Fairfax သို့ ပြောသည်။

"ဒီမှာက အစ္စလာမ်နဲ့ မွတ်စလင်တွေကို အထူးဆန့်ကျင်တဲ့ ပါတီတွေ များတယ်။ မွတ်စလင်တွေကို ကိုယ်စားပြုပါတီ မရှိဘူး။"ဟု ၎င်းက ပြောသည်။

သြစတြေးလျတွင် အမတ် ဝိုင်းဒါးစ်နောက်ခံပြုသည့် ပါတီအပါအဝင် အစ္စလာမ်ဆန့်ကျင်သော ပါတီ တော်တော်များများရှိသည်။

ပါရီတိုက်ခိုက်မှုဖြစ်ပြီး နောက် ချက်ချင်း လက်ငင်း မွတ်စလင်ပါတီ ထူထောင်ခြင်းနှင့် ပတ်သက်ကာ အသက် ၃၄ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် ဒီယာက ခုခံပြောသည်။

"မကြာသေးမီက ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီးထွက်ပေါ်နေပါတယ်။ ဒါကြောင့်ပဲ ဒီပါတီကို တည်ထောင်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ အသံတွေကိုလည်း ကြားစေရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်က ပါတီထောင်လို့ အချိန်ကောင်းပဲဖြစ်ပါတယ်။"ဟု ၎င်းက ABC သတင်းဌာန၏ AM အစီအစဉ်တွင် ပြောကြားသည်။

ပါရီတိုက်ခိုက်မှုများအပေါ် ဒီယာက ရှုတ်ချခဲ့ပြီး အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းကို အစ္စလာမ်က ပြင်းထန်စွာတားမြစ်ကြောင်း ပြောဆိုခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly