အင်္ဂလန်နှင့်ပြင်သစ် ခြေစမ်းပွဲတွင် ပဲရစ်မြို့အကြမ်းဖက်မှု၌ သေဆုံးခဲ့ရသူတွက် ၀မ်းနည်းမှု ပြသခဲ့

အင်္ဂလန်နှင့်ပြင်သစ် ခြေစမ်းပွဲတွင် ပဲရစ်မြို့အကြမ်းဖက်မှု၌ သေဆုံးခဲ့ရသူတွက် ၀မ်းနည်းမှု ပြသခဲ့

လန်ဒန်၊ နိုဝင်ဘာ ၁၈ ။              ။ ဝင်ဘလေကွင်းတွင် ကစားခဲ့သည့် အင်္ဂလန်နှင့်ပြင်သစ်တို့၏ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွင် ပဲရစ်မြို့အကြမ်းဖက်တိုက်ခိုက်မှု၌ သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းမှုနှင့် လေးစားမှုကိုပြသခဲ့ကြပြီး အားလုံးကအကြမ်းဖက်မှုကိုဆန့်ကျင်ကြောင်းနှင့် ညီညွတ်မှုကို ပြသခဲ့ကြသည်။

အင်္ဂလန်နှင့်ပြင်သစ်တို့၏ခြေစမ်းပွဲစဉ်သို့ မင်းသားဝီလျံကိုယ်တိုင် တက်ရောက်ခဲ့ပြီး သေဆုံးခဲ့ရသူများကို ဂါရဝပြုခဲ့သည်။ ပြင်သစ်နိုင်ငံတော်သီချင်းသီဆိုရာတွင်လည်း ပြင်သစ်အသင်းသားများနှင့် ပရိသတ်များသာမက အင်္ဂလန်အသင်းသားများ၊ ပရိသတ်များနှင့် မင်းသားဝီလျံတို့ကလည်း လိုက်လံသီဆိုခဲ့ကြသည်။

ထိုကဲ့သို့ သီဆိုနိုင်ရန်အတွက် ဝင်ဘလေကွင်း၏ ကြီးမားလှသော ရုပ်မြင်သံကြားတွင် ပြင်သစ်နိုင်ငံတော်သီချင်းစာသားကို ပြသပေးခဲ့သည်။

ဝင်ဘလေကွင်းပြင်ပနှင့် ကွင်းအတွင်း နေရာအားလုံးတွင် ပြင်သစ်အလံ၏အရောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းလေးစားမှုကို ပြသခဲ့ပြီး အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ထိုပွဲစဉ်တွင် အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး အနိုင်ဂိုးများကို ဒယ်လီအယ်လီနှင့်ရွန်နီတို့က သွင်းယူပေးခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly