World Football Summit နဲ့ AS တို့ ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို လီဝန်ဒေါစကီး ရရှိ

World Football Summit နဲ့ AS တို့ ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို လီဝန်ဒေါစကီး ရရှိ
Photo: EPA

World Football Summit နဲ့ စပိန်အားကစားသတင်းစား AS တို့ ပူးပေါင်းရွေးချယ်တဲ့ ၂၀၂၀ အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ဘိုင်ယန်မြူးနစ်နဲ့ ပိုလန်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ရရှိခဲ့တယ်လို့ သိရပါတယ်။ 

AS နဲ့ WFS တို့ဟာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုအပြင် အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကိုလည်း ချီးမြှင့်ပြီး အမျိုးသမီးဆုအတွက် ဝုလ်ဖ်ဘတ်အသင်းမှ ဒိန်းမတ်တိုက်စစ်မှူး ဟာဒါ ရွေးချယ်ခံခဲ့ရပါတယ်။ 

ဒီအကောင်းဆုံးဆုတွေ ရွေးချယ်ရာမှာတော့ AS.com မှ စာဖတ်ပရိသတ်တွေရဲ့ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၊ WFS နဲ့ AS တို့ရဲ့ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကို ပေါင်းစပ်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုအတွက် မဲပေးရွေးချယ်ထားတဲ့ ဆန်ခါတင် သုံးဦးစာရင်းမှာ လီဝန်ဒေါစကီးက ဒုတိယရရှိခဲ့တဲ့ အသင်းဖော် ကင်မစ်ချ်နဲ့ တတိယနေရာက မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ 

လီဝန်ဒေါစကီးဟာ ၂၀၁၉-၂၀ ဂျာမန်လိဂ်မှာ ပွဲ ၃၀ ကစား၊ ၃၄ ဂိုး သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်မှာ ၁၀ ပွဲကစား၊ ၁၅ ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးဆုကို ရရှိခဲ့သလို ဖီဖာရဲ့ The Best ဆုကို ရရှိဖို့လည်း ရေပန်းစားနေပါတယ်။ 

ဆုချီးမြှင့်ပွဲကိုတော့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး AS ဝက်ဘ်ဆိုက်တဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရသည်။ 

Ref; AS 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly