ကိုးယောက်မြောက် ပါရီတိုက်ခိုက်ရေး သမားကို ထောက်လှမ်းရေး ကင်မရာများတွင် တွေ့ရှိ

ကိုးယောက်မြောက် ပါရီတိုက်ခိုက်ရေး သမားကို ထောက်လှမ်းရေး ကင်မရာများတွင် တွေ့ရှိ

ပြင်သစ်နိုင်ငံ ပါရီတွင် လူပေါင်း ၁၂၉ ဦးသေဆုံးသည့် နိုဝင်ဘာ ၁၃ ရက် တိုက်ခိုက်မှုများမှ တိုက်ခိုက်သူအကြမ်းဖက် သမားတစ်ဦးဖြစ်နိုင်သည့် ကိုးဦးမြောက်လူကို ထောက်လှမ်းရေးကင်မရာ များတွင်   မြင်တွေ့ရကြောင်း ပြင်သစ်လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

အရက်ဘားများနှင့် စားသောက်ဆိုင်များကို တိုက်ခိုက်ခဲ့သည့် အုပ်စုစီးလာသည့် ကားအတွင်း ယင်းပုဂ္ဂိုလ်ကို ဗီဒီယိုတွင် တွေ့မြင်ရကြောင်း ဆိုသည်။

ယခုထုတ်ဖော်ထားသည့် ဗီဒီယိုတွင်းတွေ့ရှိသည့် ကိုးယောက်မြောက်လူမှာ ဘယ်ဂျီယမ်တွင် သံသယတရားခံအဖြစ် ဖမ်းဆီးထားသူနှစ်ဦးတွင် တစ်ဦးဖြစ်သလားနှင့် သို့မဟုတ်ပါက လွတ်မြောက်   နေခြင်းလားက မကျိန်းသေသေးပေ။

ပါရီတိုက်ခိုက်မှုများကို အိုင်အက်စ်တို့က ၎င်းတို့လုပ်ဆောင်သည်ဟု ကြေညာထားသည်။

အဆိုပါ ပါရီတိုက်ခိုက်မှုများအတွင်း လူပေါင်း ၄၀၀ ကျော်ထက်မနည်း ဒဏ်ရာရကာ လက်ရှိ ဆေးရုံတက်နေရသူပေါင်း ၂၂၁ ဦးရှိပြီး ၅၇ ဦး၏ အခြေအနေမှာ စိုးရိမ်နေရသည်။

ပါရီတိုက်ခိုက်မှုများကြောင့် ဥရောပနိုင်ငံများလည်း လုံခြုံရေးတပ်လှန့်ထားရသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly