ဒီမိုကရေစီအရေး ကုလက ဆက်လက်ထောက်ခံသွားမည်ဟု ဘန်ကီမွန်း ကတိပြု

ဒီမိုကရေစီအရေး ကုလက ဆက်လက်ထောက်ခံသွားမည်ဟု ဘန်ကီမွန်း ကတိပြု

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်ဖြင့် ဆက်သွယ်ကာ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခြင်းအတွက် ချီးမွှမ်းစကားဆိုပြီး ကုလသမဂ္ဂအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးစားမှုများအတွက် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားသည်။

ဒီမိုကရေစီ သွားရာလမ်းကြောင်းတွင် စူးနစ်စွာ လုံ့လစိုက်ထုတ်၍ နောက်ဆုံးအရောက်လှမ်းနိုင်ခြင်းအတွက် ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် နွေးထွေးစွာ မှတ်ချက်ပြုသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် ပေါ်ပေါက်ခဲ့သည့် ရွေးကောက်ပွဲများက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်သည့် ဒီမိုကရေစီကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ဘန်ကီမွန်းကပြောဆိုခဲ့သည့် ဖုန်းခေါ်ဆိုမှုကို ကုလသမဂ္ဂက ထုတ်ပြန်သည်။

ထိုပြင် ဘန်ကီမွန်းက တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဘာသာရေးလူနည်းစုများအပြင် လူမှုအဖွဲ့အစည်းများအပါအဝင် အဓိကပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အထူးဆွေးနွေးပွဲများ ကျင်းပရန် လိုအပ်ကြောင်းလည်း ဘန်ကီမွန်းက အလေးအနက်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly