တရုတ်နှင့် ဆက်လက်ရင်းနှီးစွာဆက်ဆံသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တရုတ်နှင့် ဆက်လက်ရင်းနှီးစွာဆက်ဆံသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံက တရုတ်အပါအဝင် နိုင်ငံအားလုံးနှင့် ရင်းနှီးသည့် ဆက်ဆံရေးဖြင့် ဆက်လက်သွားမည်ဖြစ်ပြီး အိမ်နီးချင်းဆက်ဆံရေးကို ပို၍ အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၇ ရက်က ပြောသည်။

လွတ်လပ်ရေးရစဉ်မှစကာ နိုင်ငံအတွက် မှန်ကန်သည့် လမ်းအဖြစ် နိုင်ငံအားလုံးနှင့် ရင်းနှီးသည့်ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒကို မြန်မာနိုင်ငံက ကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသို့   ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး NLD အနေဖြင့်လည်း အောင်မြင်အောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဆွဲဆောင်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် တရုတ်အပါအဝင် အားလုံးသောနိုင်ငံများမှ ရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း ဖြေကြားသည်။

နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ရန် မြန်မာပြည်သူတို့၏ ယုံကြည်မှုရရန် အထူးတလည်လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ဆိုသည်။

ထိုပြင် တရုတ်၏ ပိုးလမ်းမသစ်ကြီးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီးလည်း အဖက်ဖက်က အကျိုးရှိနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ချီးကျုးထုတ်ဖော်ပြောသည်။

ဦးစားပေးကိစ္စရပ်များအဖြစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝများ မြင့်မားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ဒီမိုကရေစီဖြစ်စဉ်များ ဟန်ချက်ညီစွာ ဖွံ့ဖြိုးရေးတို့ဖြစ်သည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို အလွန်လိုအပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်ကို ပြည်သူများက အမှန်တကယ် ပြောင်းလဲရေးလိုလားနေကြခြင်းကြောင့် NLD ကို   ထောက်ခံခဲ့ခြင်း   ဖြစ်သည်ဟု ထောက်ပြလျက် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအပြီး တရုတ်မီဒီယာနှင့် ပထမဆုံးအဖြစ် အထူးအင်တာဗျူးဖြေကြားရာ၌ မှတ်ချက်ပြုပြောကြားခဲ့သည်။

Ref ; China.org.cn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags