ကြေးအမြင့်ဆုံး ရရှိတဲ့ မင်းသမီးအဖြစ် ထပ်မံ သတ်မှတ်ခံရတဲ့ ဂျနီဖာလော်ရင့်စ်

ကြေးအမြင့်ဆုံး ရရှိတဲ့ မင်းသမီးအဖြစ် ထပ်မံ သတ်မှတ်ခံရတဲ့ ဂျနီဖာလော်ရင့်စ်

ကမ္ဘာကျော် မင်းသမီး ဂျနီဖာလော်ရင့်စ်သည် ကြေးအမြင့် ဆုံးရရှိသည့် မင်းသမီးအဖြစ် နှစ်နှစ် ဆက်တိုက် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟောလီးဝုဒ် အကျော်အမော် အိန်ဂျလီနာဂျိုလီနှင့် ဘရက်ဒ်ပစ်တို့သည် ထိပ်တန်းဆယ်နေ ရာတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့် Jurassic World ကြယ်ပွင့် ခရစ်ပရက်သည် နံပါတ် ၅၇ နေရာမှ နံပါတ် ၁၁ နေရာသို့ အဆပေါင်းများစွာ မြှင့်တက်ခဲ့သည်။

Silver Linings Playbook  ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့ပြီး Hunger Games ဇာတ်ကား တွင် ပါဝင် သရုပ်ဆောင်ခဲ့သူ အသက် ၂၅ အရွယ်ရှိ လော်ရင့်စ်သည် ဇာတ်ကားများတွင် ခေါင်းဆောင် မင်းသမီးနေရာများမှ ပါဝင် သရုပ်ဆောင်ခဲ့ခြင်းကြောင့် ကြေးအများဆုံး ရရှိခြင်းဖြစ် ကြောင်း ယဉ်ကျေးမှုနှင့် အနုပညာဝက်ဆိုက်ဒ် Vulture.comမှ အယ်ဒီတာများက ယူဆသည်။

လော်ရင့်စ်သည် ပြီးခဲ့သည့်နှစ်ကလည်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၂ သန်းရရှိကာ  ကြေးအမြင့်ဆုံး ရရှိသည့် မင်းသမီးအဖြစ် ဖော့စ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ Vulture.com ဝက်ဆိုက် ဘ်သည် အော်စကာဆု ရရှိခြင်းများ၊ ဆန်းစစ် ဝေဖန်ထားသော အသိအမှတ်ပြုမှု၊ တွစ်တာရည်ညွန်း ချက်များနှင့် ကြိုက်နှစ်သက်မှု အပါအဝင် အကဲဖြတ် အအချက်အလက်များဖြင့် အဆင့်သတ်မှတ်ခဲ့ ခြင်း ဖြစ်သည်။

Iron Man ကြယ်ပွင့် ရောဘတ်ဒေါင်နေးနှင့် လီအိုနာဒို ဒီကာပီရိုတို့သည်  ကြေးအမြင့်အဆုံး ရရှိသည့် အနုပညာရှင်များအဖြစ် ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်က အတိုင်း မပြောင်းလဲပဲ ယင်းနေရာတွင် ရပ်တည်လျက် ရှိသည်။

ဂျိုလီသည် ၂၀၁၄ ခုနှစ်က ကြေးအမြင့်ဆုံ ရရှိသည့် အနုပညာရှင်စာရင်းတွင် နံပါတ် ၆ နေရာ တွင် ရပ်တည်လျက်ရှိရမှာ ယခုအခါ နံပါတ် ၁၇ နေရာသို့ ကျဆင်းခဲ့ပြီး ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပစ် သည်လည်း နံပါတ် ၉ နေရာမှ နံပါတ် ၁၆ နေရာသို့ ကျဆင်းခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ ပရက်သည် Jurassic World ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ကြေးအမြင့်ဆုံး အနုပညာရှင်စာရင်းတွင် နံပါတ် ၅၇ နေရာမှ ၁၁ နေရာသို့ မြှင့်တက်ခဲ့ပြီး လူကြိုက်အများဆုံး အနုပညရှင်အဖြစ် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly