မင်းသမီး Im Yoona သည် “Cooperation” အမည်ရှိ အက်ရှင်ဇာတ်ကားသစ်တွင် မင်းသား Hyun Bin နှင့်အတူ ပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား စုံထောက်များ ပူးတွဲ စုံစမ်းထောက်လှမ်းမှှု ပြုလုပ်ပုံကို ဇာတ်လမ်းဆင် ရိုက်ကူးမည့် ဇာတ်ကား ဖြစ်သည်။
မင်းသား Hyun Bin က မြောက်ကိုရီးယား စုံထောက် Lim Chul Ryong အဖြစ် သရုပ်ဆောင် မည်ဖြစ်ကာ မင်းသမီး Yoona က တောင်ကိုရီးယား စုံထောက်၏ ညီမငယ် Park Min Young အဖြစ် သရုပ်ဆောင်မည် ဖြစ်သည်။ တောင်ကိုရီးယား စုံထောက်အဖြစ် မင်းသား Yoo Hae Jin က သရုပ် ဆောင်မည် ဖြစ်သည်။
ထိုဇာတ်ကားတွင် Yoona ၏ အခန်းကဏ္ဍမှာ ဇာတ်ပို့နေရာဖြစ်ကြောင်း သိရသည်။ ရုပ်ရှင် ကြယ်ပွင့် Yoona မှာ “Love Rain” ဒရာမာ ဖြင့် လူသိများခဲ့သူ ဖြစ်သည်။