လူ့အခွင့်အရေးပြဿနာများ ကိုင်တွယ်ဖြေရှင်းရန် မြန်မာအစိုးရသစ်အား ကုလသံကိုယ်စားလှယ် ယန်ဟီလီးတိုက်တွန်း

လူ့အခွင့်အရေးပြဿနာများ ကိုင်တွယ်ဖြေရှင်းရန် မြန်မာအစိုးရသစ်အား ကုလသံကိုယ်စားလှယ် ယန်ဟီလီးတိုက်တွန်း

ရွေးကောက်ပွဲက မြန်မာသမိုင်းသစ်ဖွင့်လှစ်လိုက်ခြင်းအဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီလီးက နိုဝင်ဘာ ၁၆ ရက်က ဂုဏ်ပြုကြိုဆိုလိုက်ပြီး ပါတီအားလုံးအနေဖြင့် လူအခွင့်အရေးများကို   မြှင့်တင်ရန်နှင့် ရိုဟင်ဂျာဆိုသူ မွတ်စလင်များကို ခွဲခြားဆက်ဆံခြင်းများ အဆုံးသတ်ရန် တိုက်တွန်းပြောကြားလာသည်။

"အပြောင်းအလဲအတွက် ပြည်သူတွေက သူတို့ဆန္ဒကို ဖော်ထုတ်ပြလိုက်တာပါပဲ။ အခုဆို နောက်ကြောင်းပြန်လှည့်စရာ မရှိတော့ပါဘူး။"ဟု သတင်းထုတ်ပြန်ချက်တွင် ယန်ဟီလီးက အထူးတလည်   ပြောကြားသည်။ လူ့အခွင့်အရေးစိုးရိမ်မှုနှင့် ပတ်သက်ပြီး ယန်ဟီလီးက ပြန်ပြောင်းပြောဆိုသည်။

လူနည်းစုများအပါအဝင် လူထောင်ပေါင်းများစွာ မဲပေးခွင့်ဆုံးရှုံးရခြင်း၊ မွတ်စလင်ကိုယ်စားလှယ်လောင်းအများစု အရည်အချင်းပြည့်မီခြင်းမရှိ၍ ပယ်ချခံရခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ တင်းကြပ်ခံရခြင်းတို့ကို ပြောဆိုခြင်းဖြစ်သည်။

 "ဒီပူပန်မှုတွေက ကြီးမားတဲ့ လူအခွင့်အရေး စိန်ခေါ်မှုလက္ခဏာပါ။ အစိုးရသစ်အနေနဲ့ အဆောတလျင်အာရုံစိုက်ရပါမယ်။ အခုအချိန်က ဒီကိစ္စတွေအတွက် စတင်ရမယ့် အကောင်းဆုံးအချိန်ပါ။"ဟု ယန်ဟီလီးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဆိုသူများအပါအဝင် လူနည်းစုတိုင်းရင်းသားများအား ခွဲခြားဆက်ဆံခြင်းများကို ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်က မီးမောင်းထိုးပြောပြီး အမုန်းတရား လှုံ့ဆော်မှုများ၊ လူနည်းစုများအပေါ် ဆူပူအကြမ်းဖက်မှုဖြစ်အောင်သွေးထိုးလှုံ့ဆော်မှု ပြဿနာများကို ဦးစားပေးအဖြစ် ကိုင်တွယ်ဖြေရှင်းသွားသင့်ကြောင့် ပြောသည်။

 လွတ်လပ်စွာထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်များအတွက် အပြည့်အဝအာမခံမှုအတွက် ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းစံထားများနှင့် အညီ ဥပဒေများ   ပြုပြင်ပြောင်းလဲရေးကိုလည်း ယန်ဟီလီးက မှတ်ချက်ပြုပြောကြားသည်။

 "လူမှုအဖွဲ့အစည်းတွေနဲ့ ဂျနယ်လစ်တွေအပေါ် ဖမ်းဆီး၊ အပြစ်ပေး၊ နှောင့်ယှက်မှုတွေက ချက်ချင်းရပ်ပစ်သင့်တဲ့ ကိစ္စတွေပါ။ နောက်ပြီး ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကိုလည်း ပြန်လွှတ်ပေးရမှာပါ။"ဟု ယန်ဟီလီးက တိုက်တွန်းပြောကြားသည်။

 "လာမယ့်လတွေမှာ ဒီကိစ္စရပ်တွေနဲ့ အခြားအရေးကြီးတဲ့ လူ့အခွင့်အရေးစိန်ခေါ်မှုတွေကို ဖြေရှင်းသွားရေးအတွက် အဓိကပုဂ္ဂိုလ်များနဲ့ နီးစပ်ထိတွေ့ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျွန်မရဲ့ သဘောထားမှန်ကတော့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ နိုင်ငံတွင်းက အားလုံးသောသူများနဲ့ ပူးပေါင်းဆောင်ရွက်သွားလိုတယ်ဆိုတာ ထပ်ပြီး   ပြောကြားလိုပါတယ်။"ဟု ယန်ဟီလီးက ပြောကြားခဲ့သည်။

Ref ; Kuwait New Agency

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly