ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ကာ ဂုဏ်ပြုစကားဆို

ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းဆက်ကာ ဂုဏ်ပြုစကားဆို

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဥ‌ရောပ‌ကော်‌မရှင်‌ ဒုတိယဥက္ကဋ္ဌ၊ နိုင်‌ငံခြား‌ရေးနှင်‌့ လုံခြုံရေး မူဝါဒ အထူးကိုယ်‌စားလှယ်‌‌တော်‌ကြီး မစ္စ Frederica Mogherini က နိုဝင်ဘာ ၁၇ ရက် နံနက်က ဖုန်းဆက်ကာ ဂုဏ်ပြုစကားဆိုခဲ့ကြောင်း အီးယူက ထုတ်ပြန်ထားသည်။

ကိုယ်‌စားလှယ်‌‌တော်‌ကြီးသည်‌ ‌ဒေါ်‌အောင်‌ဆန်‌းစုကြည်‌၏ အမျိုးသား စည်းလုံး‌ညီညွတ်‌‌ရေးနှင်‌့ ရင်‌ကြား‌စေ့‌ရေးတို့အတွက်‌ ‌ပြောဆို ဆွေး‌နွေးခဲ့မှုများကို လက်‌ခံကြိုဆို‌ကြောင်‌း ‌ပြောကြားခဲ့သည်။

မစ္စ Frederica Mogherini နှင်‌့ ‌ဒေါ်‌အောင်‌ဆန်‌းစုကြည်‌တို့သည်‌ လာမည်‌့လများတွင်‌လည်‌း ဆက်‌လက် ဆက်‌သွယ်‌သွားကြမည်‌ဟု သ‌ဘောတူညီခဲ့ကြသည်။ "ယခုအချိန်သည်‌ အမျိုးသားရင်‌ကြား‌စေ့ ‌ဆွေး‌နွေးမှုများဖြင်‌့ ငြိမ်‌းချမ်‌း‌‌ရေး တည်‌‌ဆောက်‌နိုင်‌ရန်‌ အ‌ရေးပါ‌သော ကာလဖြစ်‌ပါသဖြင်‌့‌‌ ပါတီများအားလုံးအ‌နေနှင်‌့‌ ‌ရွေး‌ကောက်‌ပွဲရလာဒ်‌ကို လက်‌ခံရန် လိုအပ်‌ပါသည်" ဟု အီးယူ၏ ထုတ်ပြန်ထားသည်။

ကိုယ်‌စားလှယ်‌‌တော်‌ကြီးက ဥ‌ရောပသမဂ္ဂသည်‌‌ မြန်‌မာနိုင်‌ငံ၏ အကူးအ‌ပြောင်‌းကာလတွင်‌ မိတ်‌‌ဆွေ‌ကောင်‌းအ‌နေဖြင်‌့ ကူညီ‌ထောက်‌ပံ့သွားရန်‌ အသင်‌့ရှိ‌နေ‌ကြောင်‌းကို အဓိကထား ‌ပြောဆိုသွား ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly