အာကာသမှအချက်အလက်ပေးပို့မှုများကိုစမ်းသပ်မည့် ပထမဆုံး 6G စမ်းသပ်ဂြိုဟ်တု တရုတ်လွှတ်တင်  

By Mobile World Live
12 November 2020
အာကာသမှအချက်အလက်ပေးပို့မှုများကိုစမ်းသပ်မည့် ပထမဆုံး 6G စမ်းသပ်ဂြိုဟ်တု တရုတ်လွှတ်တင်  

နိုဝင်ဘာ ၁၂ 

တရုတ်သည် ကြိမ်နှုန်းမြင့် Tetrahertz ရောင်စဉ်လှိုင်းများကို အသုံးပြုလျက် အာကာသမှ သတင်းပေးပို့ချက်များကို စမ်းသပ်ရန် ပထမဆုံး 6G စမ်းသပ်ဂြိုဟ်တုကို နိုဝင်ဘာ ၆ ရက်က လွှတ်တင်လိုက်သည်။ 

အဆိုပါဂြိုဟ်တုသည် လွှတ်တင်ထားသည့် Long March-6 အာကာသဒုံးယာဉ် ၁၃ ခုအနက် တစ်ခုဖြစ်ပြီး ရှန်ရှီးပြည်နယ် Taiyuan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း အမေရိကန်ရှိ တရုတ်သံရုံးက တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။  

အလေးချိန် ၇၀ ကီလိုဂရမ်ရှိ 6G စမ်းသပ်ဂြိုဟ်တုသည် Tetrahertz ရောင်စဉ်လှိုင်းကိုအသုံးပြုကာ အချက်အလက်ပေးပို့ခြင်းစွမ်းဆောင်ရည်ကို စစ်ဆေးရန် ရည်ရွယ်ပြီး မြို့ကြီးများ၊ သီးနှံနှင့်တောမီးများကိုစောင့်ကြည့်ခြင်းကဲ့သို့သော သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့်တားဆီးရေး အက်ပလီကေးရှင်းများကို စမ်းသပ်သွားမည်ဖြစ်ကြောင်း China Global Television Network က ဖော်ပြခဲ့သည်။  

နှစ်ပေါင်းများစွာ တရားဝင် သတ်မှတ်ချက်များမဖော်ထုတ်နိုင်သေးသည့် မျိုးဆက်သစ်မိုဘိုင်းဆက်သွယ်ရေးနည်းပညာသည် ၂၀၃၀ ပြည့်နှစ်အစောပိုင်း အဓိကစက်မှုလုပ်ငန်းကြီးများ မိတ်ဆက်စဉ် အရှိန်အဟုန်ရရှိရန် စတင်လိုက်ခြင်းဖြစ်သည်။ 

Samsung သည် ၁၀ နှစ်အတွင်း အစောဆုံး ဖြန့်ကြက်ခြင်းတံခါးဖွင့်လျက် ၂၀၂၈ ခုနှစ်တွင် စံနှုန်းများကို အပြီးသတ်နိုင်ရေးရည်ရွယ်လျက် ၂၀၂၁ ၌ 6G ဆိုင်ရာလုပ်ငန်းများစတင်နိုင်ရန် ITU-R (International Telecommunication Union-Radio) ကဏ္ဍကို မျှော်လင့်ယုံကြည်ထားသည်။  

6G သည် 5 G ထက်အဆပေါင်း ၁၀၀ မြန်ဆန်မှုနှင့် အချက်အလက်တောင်းဆိုမှုကြာမြင့်ချိန် မီလီစက္ကန့်ထက်နည်းရန်လိုအပ်ချက် စသည့် စိန်ခေါ်မှုများစွာရှိကြောင်း AT&T အမှုဆောင် Mazin Gilbert က ပြီးခဲ့သည့်လကကျင်းပသည့် 6G စာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့သည်။  

အောက်တိုဘာလလယ်က အမေရိကန်ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် Verizon၊ AT&T၊ T-Mobile US နှင့်  US Cellular တို့သည် 6G ဖွံ့ဖြိုးတိုးတက်မှုဦးဆောင်ရန်နှင့် မြောက်အမေရိကကို နည်းပညာဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်အဖြစ်တည်ထောင်ရန် Next G Alliance မဟာမိတ်အသွင်ဖြင့် တခြားအော်ပရေတာများနှင့် ပူးပေါင်းခဲ့သည်။  

ဂျပန်မိုဘိုင်းဖုန်းအော်ပရေတာ NTT Docomo သည် ၂၀၃၀ ၌ စီးပွားဖြစ်စတင်ရန်ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီလက 6G နည်းပညာကို တီထွင်ရန် စတင်လှုပ်ရှားခဲ့ပြီး တရုတ်နိုင်ငံမှ Unicom နှင့် ZTE တို့ကလည်း 6G နည်းပညာများတိုးတက်ဖွံ့ဖြိုးစေရန် မေလက မဟာဗျူဟာမြောက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly