အိုင်အက်စ်က ပြန်ပေးဆွဲမည့် စာရင်းတွင်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ပါ၀င်ဟု မလေးရှားပြော

အိုင်အက်စ်က ပြန်ပေးဆွဲမည့် စာရင်းတွင်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ပါ၀င်ဟု မလေးရှားပြော

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၇ ။           ။ အိုင်အက်စ်အုပ်စုသည် မလေးရှားတွင် ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ စစ်သွေးကြွများ ပြန်လွှတ်ပေးရေး တောင်းဆိုရန် မလေးရှား ထိပ်တန်းခေါင်းဆောင် များကို ပြန်ပေးဆွဲရန် စီစဉ်ခဲ့သည်။

ယခုနှစ်အစောပိုင်းက ဖမ်းဆီး တရားစွဲခံထားရသည့် အိုင်အက်စ်အဖွဲ့ငယ်၏ စစ်သားနှစ်ဦးက ပြန်ပေးဆွဲခံရမည့် ခေါင်းဆောင်များကို ကလန်တောင်ကြားရှိ လူသူအရောက်အပေါက် နည်းသော   နေရာတစ်ခုသို့ ခေါ်ဆောင်သွားမည့် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မလေးရှားထောက်လှမ်းရေးက ပြောသည်။

၎င်းတို့က ဖမ်းဆီးသွားပုံကို ဗီဒီယိုမှတ်တမ်းရိုက်ကူးမည်ဖြစ်သည်။ ၎င်းတို့၏ ရဲဘော်များကို ပြန်လွှတ်ပေးရန် တောင်းဆိုပြီးနောက် အကျဉ်းသားလဲလှယ်ရေးအတွက် လုံခြုံသည့်နေရာတစ်ခုကို ၎င်းတို့က သတ်မှတ်ပေးမည်ဆိုသည်။

အကြမ်းဖက်ကွန်ရက်က ပြန်ပေးရွေးငွေရရန် ကြိုးပမ်းမည်မဟုတ်ဘဲ အဖမ်းဆီးခံ ရဲဘော်ရဲဘက်များ လွှတ်ပေးရန်သာ ကြိုးပမ်းမည်ဟု မလေးရှားအကြမ်းဖက်နှိမ်နင်းရေးအထူးဋ္ဌာန အကြီးအကဲ အကြီးတန်းလက်ထောက်တပ်မှူး ဒါတွတ်အေယော့ခန်က နိုဝင်ဘာ ၁၆တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဒါတွတ်ဆေရီဟီရှန်မူဒင်ဟူစိန်က ၎င်းအပါအဝင် မလေးရှားခေါင်းဆောင်အချို့မှာ အိုင်အက်စ်၏ သုတ်သင်မည့်စာရင်းတွင် ပါဝင်နေသည်ဟု နိုဝင်ဘာ၁၅က ပြောကြားခဲ့ပြီးနောက် ဒါတွတ်ဆေရီဟီရှန်မူဒင်ဟူစိန်၏ ပြောကြားချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မတ်လတွင် လန်ကာဝီတွင် ကျင်းပမည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးမတိုင်မီ ကြေညာမည်ဟု အေယော့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly