ဆရာဝန်များ၏အကြံပေးချက်အရ အကာအကွယ်ခေါင်းဆောင်း ဆက်ဆောင်းထားရသည့် ပီတာချက်

ဆရာဝန်များ၏အကြံပေးချက်အရ အကာအကွယ်ခေါင်းဆောင်း ဆက်ဆောင်းထားရသည့် ပီတာချက်

လန်ဒန်၊ နိုဝင်ဘာ ၁၇ ။             ။ အာဆင်နယ်ဂိုးသမား ပီတာချက်က အကာအကွယ်ခေါင်းဆောင်းကို ချွတ်ပြီး ကစားလိုသော်လည်း ဆရာဝန်များ၏ အကြံပေးချက်အရ ဆက်ဆောင်းနေရကြောင်း ဝန်ခံပြောဆိုလိုက်သည်။

ချယ်လ်ဆီးဂိုးသမားဟောင်း ပီတာချက်သည် ထိုအကာအကွယ်ခေါင်းဆောင်းကို ၂၀၀၆ ခုနှစ်ကတည်းက ဝတ်ဆင်ကစားခဲ့ရခြင်းဖြစ်ပြီး ယခုဆိုလျှင် ကိုးနှစ်ရှိနေပြီဖြစ်သည်။

ချယ်လ်ဆီးကစားသမားဘဝက ရီးဒင်းကွင်းတွင် သွားရောက်ကစားစဉ် ရီးဒင်းတိုက်စစ်ကစားသမား စတီဖင်ဟန့်နှင့် ထိခိုက်မိပြီး ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထိုဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး သုံးလကြာအနားယူခဲ့ရသည်။ ထို့နောက် အကာအကွယ်ခေါင်းဆောင်းဝတ်ဆင်ပြီး ကစားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

'ခေါင်းဆောင်းကို ချွတ်ပြီးကစားမယ်ဆိုရင် ပိုပြီးတော့ ယုံကြည်မှုရှိပါတယ်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီခေါင်းဆောင်းက ဝန်းကျင်တစ်ခုလုံးကို ရိုက်ခတ်မှုရှိပါတယ်။ ခေါင်းဆောင်းက နားကိုဖုံးအုပ်ထားလို့ အသံတွေကိုလည်း ကောင်းကောင်းမကြားရပါဘူး။

ဒါပေမဲ့လည်း ကျွန်တော်အန္တရယ်မဖြစ်စေဖို့ ဆရာဝန်တွေက ခေါင်းဆောင်းကို ချွတ်ခွင့်မပေးပါဘူး' ဟု ပီတာချက်က ပြောသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly