ရီးယဲလ်နှင့်ပွဲမတိုင်မီ မက်ဆီလေ့ကျင့်ခန်းပြန်ဆင်းပြီဖြစ်၍ ဘာကာအတွက် ကြီးမားသောအင်အားဖြစ်လာ

ရီးယဲလ်နှင့်ပွဲမတိုင်မီ မက်ဆီလေ့ကျင့်ခန်းပြန်ဆင်းပြီဖြစ်၍ ဘာကာအတွက် ကြီးမားသောအင်အားဖြစ်လာ

ကက်တလန်၊ နိုဝင်ဘာ ၁၇ ။            ။ လာမည့်စနေနေ့တွင် ရီးယဲလ်နှင့်ကစားရမည့် အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မတိုင်မီ အသင်းကြီးနှင့်အတူ မက်ဆီ လေ့ကျင့်ခန်းပြန်လည် ပြုလုပ်နိုင်ပြီ   ဖြစ်သောကြောင့် ဘာစီလိုနာအသင်းအတွက် ကြီးမားသော အင်အားတစ်ခု ဖြစ်လာစေခဲ့သည်။

မက်ဆီသည် စက်တင်ဘာလ ၂၆ ရက်နေ့က လက်စ်ပါးမက်စ်အသင်းနှင့် ကစားခဲ့သော ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီး အနားယူနေခဲ့ရသူဖြစ်သည်။ နိုဝင်ဘာလ လေးရက်နေ့ကစပြီးအနားယူနေရသည့် ကွင်းလယ်လူရာကီတစ်သည်လည်း ယခုမက်ဆီနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သည်။

မက်ဆီသည် ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက စတင်လေ့ကျင့်ခန်းပြုလုပ်နေခြင်းဖြစ်ပြီး ဘာစီလိုနာ(ခ)အသင်း၏နည်းပြ လိုပက်ဇ်က မက်ဆီ၏ပုံစံမှာ ကောင်းမွန်ကြောင်း ပြောသည်။

လိုပက်ဇ်က ' မက်ဆီ့ကိုကြည့်ရတာ ပျော်ရွှင်၊ ကျေနပ်နေပုံပါပဲ။ လေ့ကျင့်ခန်းမှာ မက်ဆီပါဝင်လာတာက အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေကို ပိုပြီးကောင်းမွန်စေပါတယ်' ဟု ပြောသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly