အမေရိကန်နှင့် အခြားနိုင်ငံများ ပြင်သစ်ကဲ့သို့ ကံကြမ္မာမျိုးခံစားရမည်ဟု အိုင်အက်စ်ခြိမ်းခြောက်

အမေရိကန်နှင့် အခြားနိုင်ငံများ ပြင်သစ်ကဲ့သို့ ကံကြမ္မာမျိုးခံစားရမည်ဟု အိုင်အက်စ်ခြိမ်းခြောက်

ကိုင်ရို၊ နိုဝင်ဘာ ၁၇ ။           ။ အိုင်အက်စ်တို့ကို ပစ်မှတ်ထားသည့် ဆီးရီးယားလေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်သော နိုင်ငံများသည် ပြင်သစ်ကဲ့သို့ တူညီသည့် ကံကြမ္မာမျိုးခံစားရမည်ဟု နိုဝင်ဘာ ၁၆က ထွက်ပေါ်ခဲ့သည့် ဗီဒီယိုသစ်တစ်ခုတွင် အိုင်အက်စ်တို့က သတိပေးခဲ့သည်။ ထို့အပြင် ဝါရှင်တန်တွင်လည်း တိုက်ခိုက်မှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

အိုင်အက်စ်တို့ အသုံးပြုသော ဝက်ဘ်ဆိုက်တစ်ခုတွင် ပေါ်လာခဲ့သော ယင်းဗီဒီယိုတွင် အနည်းဆုံးလူ ၁၂၉ဦးသေဆုံးခဲ့သော နိုဝင်ဘာ ၁၃က ပါရီတွင်ဖြစ်ပွားခဲ့သော ပစ်ခိုက်တိုက်ခိုက်မှုများအပြီး သတင်းထုတ်လွှင့်မှုနှင့် စတင်ခဲ့သည်။

ကျူးကျော်သူတို့၏ စစ်ဆင်ရေးဟု ၎င်းတို့က ခေါ်ဆိုခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်သောနိုင်ငံများသို့ ပေးသော သတင်းစကားကို တိုက်ပွဲဝင်ဝတ်စုံ၊မွတ်စလင်းခေါင်းပေါင်းဝတ် အမျိုးသားတစ်ဦးက ပြောကြားခဲ့ပြီး ၎င်းမှာ အယ်လ်ဂါရိဘ် သည်အယ်လ်ဂျီးရီးယန်းဟု အောက်မှ စာတန်းရေးထိုးထားသည်။

ဆီးရီးယားလေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်သောနိုင်ငံများသည် ဘုရားသခင်အလိုတော်အတိုင်း ပြင်သစ်၏ ကံကြမ္မာမျိုး တစ်နေ့တွင် ကြုံရမည်ဖြစ်ကြောင်း ပါရီမြို့လယ်တွင် တိုက်ခိုက်ခဲ့သကဲ့သို့ အမေရိကန်ကိုလည်း ဝါရှင်တန်မြို့လယ်တွင် တိုက်ခိုက်မည်ဟု ကျိန်တွယ်ပြောဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းဗီဒီယို၏ အစစ်အမှန်ဖြစ်မှုကို ချက်ခြင်းအတည်မပြုနိုင်သေးပေ။ ယင်းဗီဒီယိုမှာ ဘဂ္ဂဒက်မြောက်ဘက် ဆာလာဟူဒင်ပြည်နယ်မှ အိုင်အက်စ်တိုက်ခိုက်ရေးသမားတို့က ရိုက်တင်ခဲ့သည်ဆိုသည်။

ယင်းဗီဒီယိုနှင့် ပတ်သက်၍ အမေရိကန် ပြည်တွင်းလုံခြုံရေးဋ္ဌာနက သုံးသပ်ချက်မပေးပေ။ သို့သော်လည်း ဖြစ်နိုင်ဘွယ်ရာတိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်မရရှိသေးဟု ၎င်းဋ္ဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly