ပါရီမြို့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် U2 နဲ့ Foo Fighters အဖွဲ့တို့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့

ပါရီမြို့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် U2 နဲ့ Foo Fighters အဖွဲ့တို့ ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့

နယူးယော့ခ်၊ နိုဝင်ဘာ ၁၆ ။             ။ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် ရော့ခ်တေးဂီတ အဖွဲ့များဖြစ်သော U2 နှင့် Foo Fighters အဖွဲ့တို့သည် ၎င်းတို့၏ ဖျော်ဖြေပွဲ များကို ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Foo Fighters အဖွဲ့သည် ပါရီမြို့အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပပြုလုပ်မည့် ၎င်းတို့၏ ဖျော်ဖြေပွဲကို ပယ်ဖျက်ခဲ့ပြီး ယခုအခါ ကျန်ရှိသည့် ဥရောပ ဖျော်ဖြေရေး ပွဲစဉ်များကိုလည်း ရပ်နားသွားမည် ဖြစ်သည်။

“ပြင်သစ် ပြည်သူတွေအတွက် အရမ်းကို ဝမ်းနည်းရပါတယ်။ ဒါကြောင့် ကျန်ရှိတဲ့ ကျွန်တော် တို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု  Foo Fighters အဖွဲ့၏ တရားဝင် ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည်။

“လူမဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ပြောစရာစကားတောင် မရှိပါဘူး။ ဒါဟာ အရမ်း ကို မိုက်မဲလွန်းပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ၊ ဒဏ်ရာရရှိခဲ့တဲ့ သူတွေအ တွက် ဆုတောင်းပေးပါတယ်” ဟု Foo Fighters အဖွဲ့က ပြောကြားသည်။

အိုင်ယာလန် ရော့ခ်တေးဂီတအဖွဲ့ U2 ကလည်း ပါရီမြို့တွင် နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပပြု လုပ်မည့် ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းခဲ့ပြီး သင့်တော်သည့် အချိန်တစ်ခုတွင် ပဲရစ်မြို့၌ ဖျော်ဖြေပွဲ နောက် တစ်ကြိမ် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို မြင်တွေ့ရတာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပြီး တုန်လှုပ် ချောက်ချားမိပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရသူ တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ကျွန်တော်တို့လည်း ခံစားရပါတယ်။ ပါရီမြိ့မှာရှိတဲ့ ကျွန်တော်တို့ ပရိတ်သတ်တွေအားလုံး ဘေးအန္တရယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်” ဟု U2 အဖွဲ့က ၎င်းတို့၏ တရားဝင် ဝက်ဆိုဘ်ဒ်တွင် ပြောကြားခဲ့သည်။

ကမ္ဘာကျော် အဆိုတော် မက်ဒေါနားသည်လည်း ဆွီဒင်နိုင်ငံ  စတော့ဟုမ်းမြို့ Tele 2 အားက စားခန်းမတွင် နိုဝင်ဘာ ၁၅ ရက်က ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲအတွင်း ပါရီမြို့ အကြမ်းဖက် တိုက်ခိုက် မှုတွင် သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အ ဖြစ် ခဏတာ ငြိမ်သက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly