မြန်မာ-အိန္ဒိယနယ်စပ်တွင် လှုပ်ရှားနေသည့် နာဂသူပုန်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် အိန္ဒိယကြေညာ

မြန်မာ-အိန္ဒိယနယ်စပ်တွင် လှုပ်ရှားနေသည့် နာဂသူပုန်အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် အိန္ဒိယကြေညာ

မြန်မာ-အိန္ဒိယနယ်စပ်တွင် လှုပ်ရှားနေသည့် နာဂ-ခါပလန်အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့၏ တပ်ခွဲဖွဲ့စည်းမှုများနှင့် ရှေ့တန်းအဖွဲ့များအားလုံးကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက   နိုဝင်ဘာ ၁၆ ရက်တွင် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာစာရင်းသွင်းလိုက်သည်။

"အစိုးရအနေနဲ့ NSCN-K အဖွဲ့ရဲ့ တပ်ခွဲဖွဲ့စည်းမှုများနဲ့ ရှေ့တန်းအဖွဲ့များအားလုံးကို ၁၉၆၇ ဥပဒေမဲ့လုပ်ရပ်များ(ကာကွယ်တားဆီးရေး)အက်ဥပဒေအရ အကြမ်းဖက်အဖွဲ့များ အဖြစ် ကြေညာစာရင်းသွင်း လိုက်ပါတယ်။"ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်လက်နက်ကိုင် သူပုန်အဖွဲ့ NSCN-K အဖွဲ့သည် ၁၉၈၈ ခုနှစ်အတွင်းက စတင်ပေါ်ပေါက်လာခြင်းဖြစ်ပြီး အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင် ကျင်လည်ကြီးစိုးသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

"NSCN-K အဖွဲ့က မဏိပူရ်ရှိ ချန်ဒယ်ခရိုင်မှာ ၂၀၁၅ ဇွန် ၄ ရက်က စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှုအပါအဝင် အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့များအား သုတ်သင်ခြင်းများနဲ့ အခြားသော အကြမ်းဖက်မှုလုပ်ရပ်များမှာ ပါဝင်ခြင်း စတဲ့ အကြမ်းဖက်ဝါဒကို ပြန်လည်လုပ်ဆောင်လာပါတယ်။"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref ; F.INDIA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly