မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်အနီး ဗုံးတွေ့

မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်အနီး ဗုံးတွေ့
ဓာတ်ပုံ - မင်းခနဒီ

အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာ အုပ်စု ကျောက်ချောကျေးရွာ အနီးရှိ ၁၆ မိုင် စစ်ဆေးရေးဂိတ်အနီးတွင် အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီကျော်က ချိန်ကိုက်ဗုံးဟု ယူဆရသော  ဗုံးတစ်လုံးတွေ့ရကြောင်း အစိုးရ အရာရှိတစ်ဦးအပြောအရ သိရသည်။

Photo - Ko Nanda

 စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် အမှတ် ၉၁၀ အင်ဂျင်နီယာတပ်က တပ်သား နှစ်ဦးက ဗုံးကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ကနဦး သတင်းများအရ သိရသည်။

လက်ရှိမှာ  ရှာဖွေရှင်းလင်းရေးတွေပြုလုပ်နေပြီး ကားတွေကိုတော့ ဖြတ်သန်းခွင့် တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required