လပေါ်တွင် ရေရှိကြောင်း သိပ္ပံပညာရှင်များ အတည်ပြု

လပေါ်တွင် ရေရှိကြောင်း သိပ္ပံပညာရှင်များ အတည်ပြု
Photo - AFP

အောက်တိုဘာ ၂၈ ၊ ၂၀၂၀

H2O ပမာဏလုံလောက်စွာရှိခြင်း သက်သေများကြောင့် အနာဂါတ် လနှင့်ဆိုင်သော မစ်ရှင်များအတွက် အကျိုးသက်ရောက်မှုများရှိသည်။
 
သိပ္ပံပညာရှင်များသည် လပေါ်တွင် ရေရှိကြောင်း အခိုင်မာဆုံးသက်သေ အချို့ကို စုဆောင်းထားပြီး ၎င်းသည် အတော်အသင့် ရရန်လွယ်ကူသည်။ ရှာဖွေတွေ့ရှိမှုသည် အနာဂါတ်တွင် လသို့သွားမည့် မစ်ရှင်များနှင့် ပိုမိုနက်နဲ သော အာကာသလေ့လာရေးများအတွက် သက်ရောက်မှုရှိသည်။

လှည့်ပတ်နေသော အာကာသယာဉ်သည် လ၏ဝင်ရိုးစွန်းများအနီးရှိ ကြီးမားပြီး မရောက်ရှိနိုင်သော ချိုင့်ခွက်များအတွင်း ရေခဲ၏ လက္ခဏာများကို တွေ့ရှိခဲ့သည်။

၁၉၉၀ ပြည့်နှစ်များအထိ နေမှလာသော ရောင်ခြည်များကို ကာကွယ်နိုင်သည့် လေထုလုံလောက်စွာမရှိခြင်းကြောင့် လ၏ မျက်နှာပြင်သည် ခြောက်သွေ့နေကြောင်း ယူဆခဲ့ကြသည်။

ထို့နောက် ၂၀၀၉ တွင် အိန္ဒိယ၏ Chandrayaan-1 အာကာသယာဉ်ပေါ်ရှိ ပုံရိပ်ရောင်စဉ်တိုင်းကိရိယာများသည် လမျက်နှာပြင်မှ အလင်းပြန်လာခြင်းတစ်ဆင့် ရေရှိနိုင်သည့် လက္ခဏာများကို မှတ်တမ်းရယူနိုင်ခဲ့သည်။ သို့သော်လည်း နည်းပညာပိုင်းဆိုင်ရာကန့်သတ်ချက်များကြောင့် ၎င်းသည် H2O(ရေ) သို့မဟုတ် သတ္တုများရှိ ဟိုက်ဒရောမောလီကျူး (အောက်ဆီဂျင်အက်တမ်တစ်လုံးနှင့် ဟိုက်ဒရိုဂျင်အက်တမ်တစ်လုံးသာပါဝင်သည်) ဖြစ်သည်လားဆိုသည်ကို သိရန် မဖြစ်နိုင်ခဲ့ပေ။

 ယခုတွင် အမေရိကန် မေရီလန်းရှိ နာဆာ၏ ASA Goddard Space Flight Center မှ အဖွဲ့သားများသည် လမျက်နှာပြင်မှ အလင်းပြန်လာသော နေရောင်ခြည် လှိုင်းအလျားကို တိုင်းတာခြင်းအားဖြင့် H2O သာဖြစ်သည် ဟူသော ဓာတုလက္ခဏာများကို တွေ့ရှိခဲ့သည်။ အချက်အလက်များသည် ၂.၇မီတာရှိ ရောင်ပြန်အဝေးကြည့်မှန်ပြောင်းကို သယ်ဆောင်သွားသည့် အဆင့်မြှင့်တင်ထားသော ဘိုးရင်း ၇၄၇ ဖြစ်သော Stratospheric Observatory for Infrared Astronomy (Sofia) မှ စုဆောင်းရရှိခြင်းဖြစ်သည်။
 
H2O တစ်သန်းလျှင် အပိုင်း ၁၀၀ မှ ၄၀၀ ခန့်အထိ ပေါများစွာ လ၏ တောက်ဘက်ဝင်ရီုးစွန်းအနီး လတ္တီကျုမြင့်မားသောနေရာများတွင် တွေ့ရှိခဲ့သည်။ “အဲဒါက တော်တော်များတယ်။ မှန်ကန်တဲ့အပူချိန်နဲ့ ဖိအားအခြေ အနေတွေအောက်မှာ ရေအဖြစ်ပြောင်းလဲလို့ရအောင် စုဆောင်းနိုင်လောက်တဲ့ ကမ္ဘာ့အလယ်ပိုင်း သမုဒ္ဒရာကုန်းကနေ စီးဆင်းနေတဲ့ ချော်ရည်တွေထဲ ပျော်ဝင်နေတဲ့ ပမာဏလောက်ရှိတယ်။” ဟု မီလ်တန် ကေးနက်စ် ရှိ အိုးပန်း တက္ကသိုလ်မှ ဂြိုဟ်သိပ္ပံနှင့် ရှာဖွေရေး ပါမောက္ခ မဟာ့ရှ် အာနတ် က ပြောသည်။  

ရေတည်ရှိမှုသည် အနာဂါတ် လနှင့်ဆိုင်သော မစ်ရှင်များအတွက် သက်ရောက်မှုများရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို သောက်သုံးရေအဖြစ်လည်းကောင်း၊ ဒုံးကျည်လောင်စာအဖြစ်အသုံးပြုရန် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အဖြစ် ခွဲထုတ်၍လည်းကောင်း၊ အသက်ရှူရန်အတွက် အောက်ဆီဂျင်အဖြစ်လည်းကောင်း ပြောင်းလဲ အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ “အာကာသထဲမှာ ရေက အရမ်းဈေးကြီးတဲ့ လူသုံးကုန်တစ်ခုပါ”ဟု အာနတ်  က ဆိုသည်။

 သို့ရာတွင် ခဲနေသော ရေပမာဏများစွာ ရှိနေမည်ဟုယူဆရသော အပူချိန် အနှုတ် ၂၃၀ ဒီဂရီထက် ကျော်လွန်ခဲသော မှောင်မိုက်ပြီး နက်စောက်သော ချိုင့်ခွက်များဆီမှ စုဆောင်းခြင်းသည် ဘေးသင့်နိုင်သော ဆောင်ရွက်မှုတစ်ခုဖြစ်သည်။
 
“အကယ်၍ အဲဒီ အမြဲတမ်းအရိပ်ကျမနေတဲ့ နေရာတွေမှာ ရေသာ အများကြီးရှိခဲ့မယ်ဆိုရင် အဲ့တာက အရမ်းကျယ်တဲ့ နေရာဖြစ်ဖို့အလားအလာရှိသလို နေရောင်ခြည်မှာ ထုတ်ယူလို့ရနိုင်တာဖြစ်မယ်” ဟု Virkbeck လန်ဒန်တက္ကသိုလ်မှ ဂြိုဟ်သိပ္ပံနှင့် ဇီဝကမ္မဗေဒ ပါမောက္ခ အီရန် ခရောဖို့ဒ်က  ဆိုသည်။
 
သို့သော်လည်း မေးခွန်းများ ကျန်ရှိနေသေးသည်။ တစ်ခုမှာ ရေတည်ရှိသည့် ပုံစံဖြစ်သည်။ ဖြစ်နိုင်ချေတစ်ခုမှာ လမျက်နှာပြင်ကို ဥက္ကာခဲများထိမှန်စဉ် ဖြစ်ပေါ်လာသော လ “ဖန်သားပြင်”ထဲတွင် ပျော်ဝင်နေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် လ၏ မြေမှုန်များအကြားတွင် သေးငယ်သောရေခဲမှုန်များ ပျံ့နှံ့ရှိနေနိုင်ခြင်းဖြစ်သည်။  

နောက်တစ်ချက်မှာ ယခုအသစ်ရှာဖွေတွေ့ရှိထားသော ရေအရင်းအမြစ်သည် မည်မျှနက်ရှိုင်းကျယ်ပြန့်သလဲ ဆိုသည့်အချက်ဖြစ်သည်။ အကယ်၍ ၎င်းသည် အပေါ်ယံ မိုက်ခရွန် သို့မဟုတ် မီလီမီတာ အနည်းငယ်တွင်သာ ကန့်သတ်တည်ရှိနေပါက ရေမည်သို့ရောက်လာသလဲဆိုသည့် စိတ်ဝင်စားဖွယ် သိပ္ပံဆိုင်ရာမေးခွန်းများ ကျန်နေသေးသော်လည်း ၎င်း၏ လက်တွေ့အရေးပါမှုသည် အနည်းအကျဉ်းသာဖြစ်လိမ့်မည်ဖြစ်ကြောင်း ပါမောက္ခ ခရောဖို့ဒ် က ဆိုသည်။
 
ဖော်ထုတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လဆီသို့ သွားရောက်ကာ စတင်တူးဖော်ခြင်းဖြစ်သည်။ ၎င်းသည်လည်း အလှမ်းမဝေးတော့ပေ။ နာဆာ၏ Artemis မစ်ရှင်တွင် ၂၀၂၄ တွင် အာကသယာဉ်မှူး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား လကမ္ဘာသို့ ပို့ဆောင်ရန် စီစဉ်ထားသည်။ ၂၀၂၅ အတွက် ရေးဆွဲထားသည့် ရရှား မစ်ရှင်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဗြိတိန်သိပ္ပံပညာရှင်များသည် အနက် ၁ မီတာအနက်ထိ လပေါ်မှ မြေနမူနာကို တူးယူနိုင်ရန် စက်ရုပ်တူးဖော်စက် တီထွင်နေပြီဖြစ်သည်။

ဒါပေမဲ့ သူတို့ ဘယ်နေရာမှာ တူးသင့်သလဲ? အမြဲတမ်းအရိပ်ကျနေသော နေရာများသည် အကောင်းဆုံးနေရာပင်ဖြစ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာများတွင် ရေသည် နေရောင်ခြည်မှ ပိုမို ကာကွယ်ထား နိုင်သောကြောင့်ဖြစ်သည်။ သဘာဝနက္ခတဗေဒ စာတမ်းတစ်ခုသည် ယခင်ယူဆထားသောနေရာများထက် ထိုနေရာများသည် ပိုမို များပြားပြီး ရရန်လွယ်ကူနိုင်ကြောင်း အကြံပြုထားသည်။

အောက်တိုဘာလအစောပိုင်းတွင် အနာဂါတ်တွင် လအား လေ့လာခြင်းနှင့် ၎င်း၏ အရင်းအမြစ်များအား ခေါင်းပုံဖြတ်ခြင်း စသည်တို့ကို အုပ်ချုပ်ရန် အမေရိကန်မှ ရေးဆွဲထားသော နိုင်ငံတာကာသဘောတူစာချုပ် Artemis Accords တွင် ဗြိတိန်အပါအဝင် နိုင်ငံ ရှစ် နိုင်ငံမှ လက်မှတ်ရေးထိုးခဲ့ကြသည်။
 
“သဘောတူညီချက်များတွင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အမူအကျင့်ဆိုင်ရာ စံနှုန်းများဖြစ်သည့် လအား လေ့လာခြင်းသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များအတွက်ဖြစ်သင့်ကြောင်း၊ လေ့လာမှုများလုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုများရှိရမည်ဖြစ်ကြောင်း၊ အချက်အလက်များ မျှဝေပေးရမည်ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်တယ်”ဟု နယူးကတ်စတဲလ်  ရှိ နော်သွန်ဘရီးယား တက္ကသိုလ်မှ အာကာသဥပဒေနှင့်မူဝါဒ ပါမောက္ခ ခရစ္စတိုဖာ နူးမန်း က ဆိုသည်။ အခြား လက်မှတ်ရေးထိုးသူများသည် မျှော်လင့်နိုင်သော်လည်း ရရှားသည် တွန့်ဆုတ်လျက်ရှိကာ တရုတ်သည် အမေရိကန်နှင့် ကုန်သွယ်ရေး ပဋိပက္ခကြောင့် လက်မှတ်ထိုးခြင်းမှ တားမြစ်ခံ ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly