မေယုမြစ်အတွင်း ဘုတ် အပစ်ခံရ၍ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

မေယုမြစ်အတွင်း ဘုတ် အပစ်ခံရ၍ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၈ ၊ ၂၀၂၀

စစ်‌တွေမြို့မှ ဘူးသီးတောင်မြို့နယ်သို့ မောင်းနှင်လာသော လူ လေး ဦး လိုက်ပါလာသည့်  ရေယာဉ် တစ်စီးသည် မေယူမြစ်တွင်းရှိ တပ်မတော်ရေယာဉ်တစ်စီး၏ ပစ်ခက်မှုကြောင့် မီးလောင်နစ်မြှပ်ကာ ဘုတ်ပေါ်တွင် လိုက်ပါလာသူ တစ်ဦးသေ နှစ်ဦး ဒဏ်ရာရရှိသည်ဟု သွားရောက်ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးဖြစ်သော ကိုအောင်မင်းစိုးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ နေ့လည် ၁၁း ၄၅ မိနစ်ခန့်က ဘူးသီးတောင်မရောက်မီ ပတ်ခတ်ခံရခြင်းဖြစ်ကာ ရသေ့တောင်မြို့နယ် ပိန်းတောကျေးရွာအနီးရှိ  ပိန်းတောကျေးရွာနားရှိ မေယူမြစ်တွင်  မီးလောင်နစ်မြှပ်သည်ဟု ဆိုသည်။

စစ်တွေမြို့က ကုမ္ပဏီတစ်ခုပိုင် အဆိုပါ ဘုတ်ပေါ်တွင် လိုက်ပါလာသူများအနက် သုံးဦးကို ကယ်ဆယ်ရနိုင်ခဲ့ပြီး တစ်ဦးကတော့ဖြင့် မီးစွဲလောင်နေပြီဖြစ်သဖြင့် ကယ်ယူနိုင်ခြင်းမရှိဟု သိရပါသည်။ ကယ်လိုက်နိုင်သူများအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ၍ စေတီပြင်ဆေးရုံသို့ တင်ဆောင်ထားသည်ဟု သိရသည်။

ဘုတ်ပေါ်တွင် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာနှင့် အခြားပစ္စည်းများ သယ်ဆောင်လာခြင်းဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ငှားရမ်းပို့ဆောင်စေခြင်းဖြစ်သည်ဟု Rakhine Ethnic Congress (REC) က ထုတ်ပြန်သည်။
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly