ပျောက်ဆုံးနေသော ၄ နှစ်အရွယ် မိန်းကလေးကို ၉ ရက်မြောက်နေ့တွင် သေဆုံးလျှက်ပြန်တွေ့

By ဟန်ထူးဇော်
26 October 2020
ပျောက်ဆုံးနေသော ၄ နှစ်အရွယ် မိန်းကလေးကို ၉ ရက်မြောက်နေ့တွင် သေဆုံးလျှက်ပြန်တွေ့

 အောက်တိုဘာ ၂၆၊ ၂၀၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်က မန်ကျီးပေါက်ကုန်းအုပ်စု ကျောက်ဖူးကျေးရွာတွင်နေထိုင်သည့် အသက် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က သူငယ်ချင်းများနှင့် ဆော့ကစားရင်း ပျောက်ဆုံးသွားခဲ့သည်။

ပျောက်ဆုံးသွားသည့် ကလေးငယ်ကို ကျောက်ဖူးကျေးရွာနှင့် ကံသုံးဆင့်ကျေးရွာအကြား  လယ်ကွင်းထဲတွင် အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က သူ့မိသားစုမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်အတွက် ဘုရားတွင် ဆုတောင်းရန်သွားရင်း လယ်ကွင်းထဲမှ အပုပ်နံ့ရသောကြောင့် ကျေးရွာတာဝန်ရှိသူများနှင့် ရှာဖွေခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေးငယ် အလောင်းကိုမူ ရဲတပ်ဖွဲ့မှ စစ်ဆေးချက်များ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly